Connect with us

China

သမ္မတ ရှီက ဟောင်ကောင် တစ်နယ်တည်းသားချင်းများထံ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားပြီး ဆုမွန်ကောင်းများ ပို့သ

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်၊ Yuen Long မြို့တွင် အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ပန်းကဗ္ဗည်း ရေးထိုးထားသည်ကို ၂၀၂၂ ခုနှစ် ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇွန် ၃၀ ရက်က ဟောင်ကောင်တစ်နယ်တည်းသားချင်းများအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၅ နှစ်မြောက် အထိမ်းအမှတ် အခါသမယအတွက် ဆုမွန်ကောင်းများ ပို့သခဲ့ကြောင်း သိရသည်။

၎င်းအနေဖြင့် ဟောင်ကောင်သို့ တစ်ဖန်ပြန်လည်ရောက်ရှိလာရသည့်အတွက် အလွန်ပင် ကျေနပ်ဝမ်းမြောက်မိကြောင်း တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီက အနောက်ကျိုလုံ မြန်နှုန်းမြင့်ရထားဘူတာသို့ ရောက်ရှိစဉ် ပြောကြားခဲ့သည်။

“မနက်ဖြန်က အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း နှစ်ပေါင်း ၂၅ နှစ်ပြည့်မြောက်တဲ့ အထိမ်းအမှတ်ဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းမှာရှိတဲ့ မျိုးနွယ်စုများအားလုံးလည်း ဒီဝမ်းမြောက်ဖွယ်အခမ်းအနား ကျင်းပရာမှာ ဟောင်ကောင်တစ်နယ်တည်းသားချင်းတွေနဲ့ အတူပါဝင်ကြမှာဖြစ်ပါတယ်။ ဟောင်ကောင် တစ်နယ်တည်းသားတွေကို ဂုဏ်ယူဝမ်းမြောက်ကြောင်းနဲ့ ဆန္ဒမွန်များပို့သလိုက်ပါတယ်” ဟု ရှီက ဆိုသည်။ (Xinhua)

…………………………
(English Version)

Xi extends congratulations, best wishes to Hong Kong compatriots

HONG KONG, June 30 (Xinhua) — Chinese President Xi Jinping on Thursday congratulated Hong Kong compatriots and extended his best wishes on the occasion marking the 25th anniversary of Hong Kong’s return to the motherland.

Speaking upon arrival at the West Kowloon high-speed rail station, Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, said he is very pleased to visit Hong Kong once again.

“Tomorrow marks the 25th anniversary of Hong Kong’s return to the motherland. People of all ethnic groups across the country will join Hong Kong compatriots in celebrating this joyous event. I would like to extend my warm congratulations and best wishes to the compatriots of Hong Kong,” said Xi.

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.