Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် တွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Muhammad Shehbaz Sharif တို့ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ နိုဝင်ဘာ ၂ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိလာသည့် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Muhammad Shehbaz Sharif နှင့် နိုဝင်ဘာ ၂ ရက်တွင် ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က မကြာ သေးမီနှစ်များအတွင်း ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုများ နှင့် မတည်ငြိမ်မှုများကြားတွင် တရုတ်-ပါကစ္စတန်တို့သည် အပြန်အလှန် ပံ့ပိုးကူညီခဲ့ကြကာ တစ်ဟုန်ထိုးတက်လာခဲ့ပြီး သံမဏိသဖွယ် ခိုင်မာသောချစ်ကြည်ရင်းနှီးမှုကို ပြသလျက် ရှိကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်-တရုတ် ချစ်ကြည်ရင်းနှီးမှုသည် ပြိုကွဲပျက်စီးနိုင်မည် မဟုတ်ကြောင်း နှင့် ပါကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် အမြဲတမ်း ခိုင်ခိုင်မာမာရပ်တည်သွားမည် ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Muhammad Shehbaz Sharif က ပြောကြားခဲ့သည်။ (Xinhua)
———————————–
Chinese President Xi Jinping met with Prime Minister Muhammad Shehbaz Sharif of Pakistan on his official visit to China at the Great Hall of the People on Wednesday.
Xi said amid global changes and instability in recent years, the two countries have supported each other and forged ahead, demonstrating an ironclad friendship.
The Pakistan-China friendship is unbreakable, and Pakistan will always stand firmly with China, Sharif said.

Photo – Chinese President Xi Jinping meets with Pakistani Prime Minister Muhammad Shehbaz Sharif at the Great Hall of the People in Beijing, capital of China, Nov. 2, 2022. (Xinhua/Xie Huanchi)