Connect with us

North America

ရုရှား အခွင့်ထူးခံလူတန်းစားများအား ပစ်မှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ အမေရိကန် ကြေညာ

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်အား အိမ်ဖြူတော်၏ တောင်ဘက်ဆင်ဝင်မှ လမ်းလျှောက်လာသည်ကို ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံတွင် စစ်ဆင်ရေးများ လုပ်ဆောင်သည့် ရုရှားနိုင်ငံအား ထပ်မံပြစ်ဒဏ်ခတ်သည့်အနေဖြင့် ရုရှားနိုင်ငံရေးနှင့် စီးပွားရေး အခွင့်ထူးခံလူတန်းစားများအား ဒဏ်ခတ်ပိတ်ဆို့မှုအသစ်ကို အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန် အစိုးရက ဇွန် ၂ ရက်က ကြေညာခဲ့ကြောင်း သိရသည်။

အိမ်ဖြူတော်မှထုတ်ပြန်ချက်အရ ဘဏ္ဍာရေးဝန်ကြီးဌာနသည် Sergei Roldugin နှင့် ၎င်း၏ မိသားစုဝင်များကို ဒဏ်ခတ်ပိတ်ဆို့သွားမည်ဖြစ်ကြောင်း သိရသည်။ Roldugin သည် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်နှင့် အနီးကပ်ရင်းနှီးသူတစ်ဦးဖြစ်ပြီး ပူတင်၏ ကမ်းလွန်ရေနံပိုင်ဆိုင်မှု၏ ငွေကြေးဆိုင်ရာမန်နေဂျာတစ်ဦးလည်း ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောခဲ့သည်။

အဆိုပါ ဒဏ်ခတ်ပိတ်ဆို့မှုများစာရင်းတွင် ၎င်းသည်ပူတင်၏ အတွင်းစည်း လုပ်ငန်းများ ဆောင်ရွက်ပေးနေသော Imperial Yachts အမှုဆောင်အရာရှိချုပ်လည်း ပါဝင်ပြီး ကာကွယ်ရေးလုပ်ငန်းကို ပံ့ပိုးပေးနေသည့် ရုရှားနိုင်ငံပိုင်ကုမ္ပဏီ United Aircraft Corporation လည်း ပါဝင်ကြောင်း သိရသည်။

ထို့ပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova ၊ oligarchs God Nisanov နှင့် Alexey Mordashov စသည့် လူပုဂ္ဂိုလ်များကိုလည်း ဒဏ်ခတ်ပိတ်ဆို့သွားမည်ဖြစ်သည်။ မိသားစုဝင်များနှင့် ကုမ္ပဏီများကိုပါ ဒဏ်ခတ်ပိတ်ဆို့ခြင်းခံရသော Mordashov သည် ရုရှားနိုင်ငံ၏ ပြည်တွင်း သံမဏိဦးဆောင်ထုတ်လုပ်သူများအနက် တစ်ဦးနှင့် ဆက်ဆံရေးရှိကြောင်း အိမ်ဖြူတော်က ဆိုသည်။

ရုရှား စစ်ဆင်ရေးကို ထိန်းချုပ်ရန် လိုအပ်သော နည်းပညာများနှင့် အခြားသော ပစ္စည်းများ ရရှိမှုကိုထိန်းသိမ်ရေး ရုရှားစစ်တပ်၏ စွမ်းဆောင်မှုကို ထပ်မံကန့်သတ်ရန် ရည်ရွယ်ချက်ဖြင့် စီးပွားရေးဝန်ကြီးဌာနက ရုရှားနှင့် ဘီလာရုစ် အခြေစိုက် စီးပွားရေးအဆောက်အအုံ ၇၁ ခုကို စာရင်းအတွင်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း၊ အမေရိကန် နည်းပညာ သို့မဟုတ် ဆော့ဖ်ဝဲ (software) မှ ဆင်းသက်လာသည်ဟုသေချာသော အမေရိကန်နိုင်ငံထုတ် ပစ္စည်းများ သို့မဟုတ် ပြည်ပထုတ်ကုန်များ ရယူခြင်းကို သိသိသာသာဖြတ်တောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“ဒါ့အပြင် အမေရိကန်က ဘဏ္ဍာရေးဝန်ကြီးဌာန၏ အထူးသတ်မှတ်ထားသော နိုင်ငံသားများနှင့် ကန့်သတ်လူပုဂ္ဂိုလ်စာရင်းထဲ အဖွဲ့အစည်းပေါင်း ၁,၀၀၀ နှင့် စီးပွားရေးဝန်ကြီးဌာန၏ စာရင်းထဲကို အဖွဲ့အစည်းပေါင်း ၃၀၀ ကျော် ဖြည့်စွက်ထည့်သွင်းထားသည်” ဟု ထုတ်ပြန်ချက်က ဖော်ပြထားသည်။ (Xinhua)

…………………………………………
(English Version)
U.S. announces new sanctions targeting Russian elites
Source: Xinhua| 2022-06-02 23:47:16|Editor:
WASHINGTON, June 2 (Xinhua) — The administration of U.S. President Joe Biden on Thursday announced a new round of sanctions targeting Russian political and business elites, in an effort to further punish Russia for its military operation in Ukraine.
According to a fact sheet from the White House, the Department of the Treasury will impose sanctions on Sergei Roldugin and his family members. Roldugin, the White House said, is a close associate of Russian President Vladimir Putin and a money manager of Putin’s offshore wealth.
Also on the sanctions list are the CEO of Imperial Yachts, which the White House said provides services to Putin’s inner circle, and the head of the United Aircraft Corporation, a Russian state-owned company that supports the country’s defense industry.
Additionally, the Department of State will sanction a number of Russian individuals, including Maria Zakharova, the spokesperson for the Russian Foreign Ministry, and oligarchs God Nisanov and Alexey Mordashov. Mordashov, whose family members and companies are also being sanctioned, has ties to one of Russia’s leading domestic steel producers, the White House said.
Aimed at further limiting the Russian military’s ability to obtain technologies and other items needed for sustaining its military operation, the Department of Commerce will add 71 Russia- and Belarus-based entities to the Entity List, “effectively cutting them off from obtaining U.S.-origin items or foreign-made products derived from certain U.S. technology or software,” the fact sheet said.
“So far, the United States has added 1,000 parties to Treasury’s Specially Designated Nationals and Blocked Persons List and over 300 parties have been added to Commerce’s Entity List,” read the fact sheet. ■
Photo : U.S. President Joe Biden walks out from the South Portico of the White House in Washington D.C. Jan. 21, 2022. (Photo by Ting Shen/Xinhua)