Connect with us

Politics, Law & Military

သမ္မတရှီ၏ ဟောင်ကောင်ခရီးစဉ်က “တစ်နိုင်ငံစနစ်နှစ်မျိုး”လက်တွေ့ကျင့်သုံးမှုကို အားကောင်းသောမြှင့်တင်မှုဖြစ်သည်ဟု ဆောင်းပါးတွင် ဖော်ပြ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ဇူလိုင် ၁ ရက်တွင် ဟောင်ကောင်ဒေသရှိ ဟောင်ကောင် ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အစည်းအဝေး နှင့် ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(HKSAR)၏ ဆဋ္ဌမသက်တမ်း အစိုးရ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ကာ အရေးကြီးမိန့်ခွန်းတစ်ရပ်အား ပြောကြားနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ မကြာသေးမီက ဟောင်ကောင်ခရီးစဉ်သည် ဂရုစိုက်မှု ၊ ယုံကြည်မှု နှင့် မျှော်လင့်ချက် သတင်းစကားအား သယ်ဆောင်ခဲ့ကာ အထူးအုပ်ချုပ်ခွင့်ရဒေသအတွင်း “တစ်နိုင်ငံစနစ်နှစ်မျိုး”လက်တွေ့ကျင့်သုံးမှုကို အားကောင်းသောမြှင့်တင်မှုပေးလိမ့်မည် ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ၏ ဟောင်ကောင် နှင့် မကာအိုရေးရာရုံးက ရေးသားဖော်ပြခဲ့သည်။သမ္မတရှီ၏ ဇွန် ၃၀ ရက် နှင့် ဇူလိုင် ၁ ရက်အတွင်း သွားရောက်ခဲ့သည့် ဟောင်ကောင်ခရီးစဉ်ပြီးနောက် ဇူလိုင် ၂ ရက်တွင် ထုတ်ပြန်သော ဆောင်းပါးတွင် ဟောင်ကောင် နှင့် မကာအိုရေးရာရုံးက ထိုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ၎င်း၏ ခရီးစဉ်အတွင်း အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အစည်းအဝေး နှင့် ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(HKSAR)၏ ဆဋ္ဌမသက်တမ်း အစိုးရ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားတို့အား တက်ရောက်ခဲ့ပြီး ဟောင်ကောင်ဒေသအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှီ၏ ဟောင်ကောင်ခရီးစဉ်သည် ဟောင်ကောင်မွေးချင်းများအတွက် ၎င်း၏ နက်ရှိုင်းသောအလေးထားမှုအား ထင်ရှားစေခဲ့သည်။ ဟောင်ကောင်၌ ရှိနေစဉ်အတွင်း သမ္မတရှီသည် အခမ်းအနား ၁၀ ခုကျော်အား တက်ရောက်ခဲ့ရာ ဟောင်ကောင်မွေးချင်းများက ဟောင်ကောင် နှင့် အမိမြေအကြား နီးကပ်သောရင်းချာနှီးနွှယ်မှုကို သာမက ဟောင်ကောင်မွေးချင်းများနှင့် အမိမြေ၏ပြည်သူများအကြား အလွန်လေးနက်သောချစ်ကြည်ရင်းနှီးမှုကို ခံစားနိုင်ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။
ရှီ၏ခရီးစဉ်သည် ဟောင်ကောင် ဖွံ့ဖြိုးတိုးတက်မှု၏ တောက်ပသောအနာဂတ်တွင် ကဏ္ဍအားလုံး၏ ခိုင်မာသောယုံကြည်မှုကို အားကောင်းလာစေခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။ မိန့်ခွန်းပြောကြားမှုတစ်ခုအတွင်း သမ္မတရှီက ဗဟိုအစိုးရသည် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး”မူအား မဆုတ်မနစ် ခိုင်မာစွာဖော်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် ယင်းရပ်တည်ချက်တွင် ပြောင်းလဲခြင်း သို့မဟုတ် ယိမ်းယိုင်ခြင်း ရှိမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတရှီ၏ပြောဆိုသောသတင်းစကားများသည် တရုတ်နိုင်ငံ၏ ဟောင်ကောင်ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် အပြည့်အဝ အားပေးထောက်ခံမှုကို ထင်ရှားစေခဲ့ပြီး ဟောင်ကောင်၏အနာဂတ်တွင် အလွှာပေါင်းစုံမှ ပြည်သူများ၏ ယုံကြည်မှုကို ပို၍အားကောင်းလာခဲ့ကြောင်း ဆောင်းပါးတွင် ရေးသားဖော်ပြခဲ့သည်။

သမ္မတ၏ခရီးစဉ်သည် ဟောင်ကောင်က ကောင်းမွန်သောအုပ်ချုပ်မှု နှင့် ရေရှည်တည်ငြိမ်မှုအား လက်တွေ့ဖော်ဆောင်နိုင်သည်ဟူသော ၎င်း၏ အားမာန်ပြည့်ဝသောမျှော်လင့်ချက်ကို ပြသခဲ့ကြောင်း ဆောင်းပါးတွင် မှတ်ချက်ပြုခဲ့သည်။ လာမည့်ငါးနှစ်သည် ဟောင်ကောင်အတွက် အခင်းအကျင်းသစ်ဖွင့်လှစ်မည့် နောက်ထပ်ရှေ့သို့ကျော်လွှားမည့် အရေးကြီးသော အချိန်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။ သမ္မတရှီက ပြောကြားသည့် အဆိုပြုချက်များသည် HKSAR အစိုးရသစ်အတွက် ဥပဒေအခြေပြုအုပ်ချုပ်မှုအား ကျင့်သုံးရန် ဦးတည်ချက်အား ပုံဖော်ထားကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။

ဟောင်ကောင်ခရီးစဉ်အား သမိုင်းမှတ်တိုင်တစ်ခုဟု ပြောကြားကာ ဆောင်းပါးတွင် HKSAR သည် အမိမြေ၏ အားကောင်းသော ကျောထောက်နောက်ခံ နှင့် ဟောင်ကောင်ပြည်သူများ၏ စုပေါင်းအားထုတ်မှုများဖြင့် “တစ်နိုင်ငံစနစ်နှစ်မျိုး”မူ၏ အခန်းကဏ္ဍအသစ်တစ်ခုအား ရေးထိုးနိုင်မည်ဆိုသည့် ယုံကြည်မှုအား ရေးသားဖော်ပြခဲ့သည်။ (Xinhua)

#China #XiJinping #HKSAR #article #တရုတ်နိုင်ငံ #ရှီကျင့်ဖိန် #ဟောင်ကောင် #ဆောင်းပါး #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar
————————–
(English Version)
Xi’s trip to Hong Kong to give powerful boost to “one country, two systems” practice: article
Source: Xinhua Editor: huaxia 2022-07-02 20:30:11
BEIJING, July 2 (Xinhua) — Chinese President Xi Jinping’s recent trip to Hong Kong has conveyed the message of care, trust and hope, and will give a powerful boost to the practice of “one country, two systems” in the special administrative region, the Hong Kong and Macao Affairs Office of the State Council has stated.
The office made the remarks in an article released Saturday after Xi’s Hong Kong visit between Thursday and Friday.
During his visit, Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, attended the meeting celebrating the 25th anniversary of Hong Kong’s return to the motherland and the inaugural ceremony of the sixth-term government of the Hong Kong Special Administrative Region (HKSAR), and inspected the region.
Xi’s trip to Hong Kong demonstrated his deep concern for Hong Kong compatriots. During his stay in Hong Kong, Xi attended over 10 events and the Hong Kong compatriots could feel the close affinity between Hong Kong and the motherland, as well as the profound bond between the hearts of Hong Kong compatriots and the people of the motherland, according to the article.
It noted that Xi’s trip has effectively strengthened the firm confidence of all sectors in the bright future of Hong Kong’s development. While delivering a speech, Xi said the central government will remain resolute in implementing the “one country, two systems” principle, and will not change or vacillate in this stand.
Xi’s words demonstrated the country’s full support for the development of Hong Kong and have further strengthened the confidence of people from all walks of life in the future of Hong Kong, the article stated.
It also noted that the president’s trip has expressed his ardent hope that the HKSAR can realize good governance and long-term stability. The next five years are important for Hong Kong to break new ground and achieve another leap forward, Xi said. The proposals put forward by Xi charted the direction for the new HKSAR government to exercise law-based governance, read the article.
Calling this trip to Hong Kong a milestone, the article expressed confidence that the HKSAR will write a new chapter of the “one country, two systems” principle with the strong backing of the motherland and concerted efforts of the Hong Kong people. ■