Connect with us

Africa & Middle East

အီရန်နိုင်ငံ တောင်ပိုင်း ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၅ ဦး ၊ ဒဏ်ရာရရှိသူ ၈၄ ဦး ရှိပြီဖြစ်

တီဟီရန်၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံ တောင်ပိုင်း ဟော်မိုစဂန်ပြည်နယ်(Hormozgan) တွင် ဇူလိုင် ၂ ရက် နံနက်ပိုင်းက ပြင်းအား အဆင့် ၆ နှင့်အထက်ရှိ ငလျင် သုံးကြိမ်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး၊ လူပေါင်း ၈၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Fars သတင်းအေဂျင်စီက အရေးပေါ်ရေးရာအရာရှိတစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။ဒဏ်ရာရသူများအနက် ၂၉ ဦးကို ဆေးရုံတင်ထားရကြောင်း အီရန်နိုင်ငံ အရေးပေါ်ဝန်ဆောင်မှုရေးရာ ပြောရေးဆိုခွင့်ရှိသူ Mojtaba Khalediက ပြောကြားခဲ့သည်။

အီရန်နိုင်ငံ တောင်ပိုင်း ဟော်မိုစဂန်ပြည်နယ်(Hormozgan) Sayeh Khosh ကျေးရွာရှိ နေအိမ်အဆောက်အဦပျက်စီးမှုများအား ဇူလိုင် ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ငလျင်ဖြစ်ပွားရာနေရာသို့ အရေးပေါ်ယာဉ်များနှင့်ရဟတ်ယာဉ်များကို အစောပိုင်းတွင် ပို့ဆောင်ထားကြောင်းနှင့် အချို့နေရာများတွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်နေကြောင်း Khalediက ဆိုသည်။

ပြင်းအား ၆.၁ အဆင့်ရှိ ပထမဆုံးငလျင်သည် ဒေသစံတော်ချိန် ဇူလိုင် ၂ ရက် နံနက် ၂ နာရီ ၀၂ မိနစ်ခန့်တွင် မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး နာရီ အနည်းငယ်အကြာတွင် ၎င်း၏ နောက်ဆက်တွဲအဖြစ် ၆.၃ အဆင့်ရှိ အင်အားပြင်းငလျင်နှစ်ခုသည် ထပ်မံလှုပ်ခတ်ခဲ့သည်။ အဆင့် ၄ နှင့်အထက်ရှိသော ငလျင်များစွာလှုပ်ခတ်ခဲ့ကြောင်းကိုလည်း မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံ တောင်ပိုင်း ဟော်မိုစဂန်ပြည်နယ်(Hormozgan) Sayeh Khosh ကျေးရွာရှိ နေအိမ်အဆောက်အဦပျက်စီးမှုများအား ဇူလိုင် ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ငလျင်ဒဏ်ကြောင့် ကျေးလက်ဒေသရှိ နေအိမ်အချို့ ပျက်စီးခဲ့သလို လမ်းတံတားကျိုးကျပျက်စီးခြင်းနှင့်လမ်းများ၌ မြေပြိုခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဟော်မိုစဂန်ပြည်နယ်(Hormozgan)အကြီးအကဲ Mokhtar Salahshourက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ လူအများကို နေရာချထားပြီး ရွက်ဖျင်တဲနှင့်အခြားထောက်ပံ့ရေးပစ္စည်းများကို ထပ်တိုးဝေငှထားကြောင်းပြောကြားခဲ့သည်။ (Xinhua)

————————–
(English Version)
2nd LD-Writethru: 5 killed, 84 wounded in S. Iran earthquakes
2022-07-03 01:16:57 分类: 天气环保
TEHRAN, July 2 (Xinhua) — At least five were killed and 84 wounded in three earthquakes measuring above magnitude 6 that shook Iran’s southern province of Hormozgan early Saturday, semi-official Fars news agency quoted an emergency official as saying.
Among the injured were 29 hospitalized, said Mojtaba Khaledi, a spokesman for the country’s emergency services.
Khaledi said earlier that ambulances and helicopters have been sent to the quake-hit areas, adding in some places power outages occurred.
The first 6.1-magnitude quake occurred at a depth of 10 km at 2:02 a.m. local time (2132 GMT Friday), followed by two strong quakes of up to 6.3 magnitudes a few hours later. Many aftershocks with a magnitude of above four have also been registered.
The earthquakes have damaged some houses in rural areas, destroyed a number of bridges and overpasses, and caused landslides on roads.
Mokhtar Salahshour, CEO of Hormozgan Province’s Red Crescent Society, said the rescue work has ended and people have been given refuge in emergency shelters, adding tents and aid items have been distributed. Enditem
1. Houses are damaged in Sayeh Khosh village of Hormozgan Province in southern Iran, July 2, 2022. (Xinhua photo)
2. Houses are damaged in Sayeh Khosh village of Hormozgan Province in southern Iran, July 2, 2022. (Xinhua photo)
3. Houses are damaged in Sayeh Khosh village of Hormozgan Province in southern Iran, July 2, 2022. (Xinhua photo)