Connect with us

Environment, Disasters & Accidents

ရှင်းကျန်းဒေသ၏ အမြန်လမ်းအရှည် ကီလိုမီတာ ၁၀,၀၀၀ ကျော်ရှိလာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တာ့လီမခန်း သဲကန္တာရအား ဖြတ်သွားသည့် အဝေးပြေးလမ်းမသစ်တစ်လမ်းအား ဇွန် ၂၃ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဝူးလူမုချီ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အဝေးပြေး လမ်းမသစ် လေးလမ်းအား ဇွန် ၃၀ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ဒေသတွင်းရှိ အမြန်လမ်းများ၏ စုစုပေါင်းအရှည်သည် ကီလိုမီတာ ၁၀,၀၀၀ ကျော်အထိ ရှိလာကြောင်း ဒေသတွင်း သယ်ယူပို့ဆောင်ရေးဌာနထံမှ သိရသည်။အသစ်ဖောက်လုပ်ခဲ့သည့် အဝေးပြေးလမ်းများမှာ ဟော်ထျန်စီရင်စု ၊ အားခက်စူး စီရင်စု ၊ ပါရင်းကော်မုန် (မွန်ဂို)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု နှင့် ချန်ကျီမြို့(ဟွေ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတို့တွင် ဖြစ်ကြောင်း သိရသည်။

ပထမနေရာ သုံးနေရာတွင် ဖွင့်လှစ်ခဲ့သည့် အဝေးပြေးလမ်းများသည် အထူးသဖြင့် ရှင်းကျန်းဒေသတောင်ပိုင်း ရင်းနှီးမြှုပ်နှံမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုပတ်ဝန်းကျင်အား တိုးတက်စေရေး နှင့် Tarim ချိုင့်ဝှမ်းတွင် ယာဉ်အသွားအလာ ချောမွေ့စေရေးအတွက် ကြီးမားသောအရေးပါမှု ဖြစ်ကြောင်း သိရသည်။

ရှင်းကျန်းဒေသသည် ယခုနှစ် အဝေးပြေးလမ်းသယ်ယူပို့ဆောင်ရေးတွင် ပုံသေပိုင်ဆိုင်မှုပစ္စည်း ရင်းနှီးမြှုပ်နှံမှု ယွမ်ဘီလီယံ ၈၀ (အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၉ ဘီလီယံခန့်) ရည်မှန်းထားသည်။ ၂၀၂၁ ခုနှစ်တွင် ဒေသ၏ အဝေးပြေးလမ်းသယ်ယူပို့ဆောင်ရေးတွင် ပုံသေပိုင်ဆိုင်မှုပစ္စည်း ရင်းနှီးမြှုပ်နှံမှုသည် ယွမ် ၆၉ ဒသမ ၀၅ ဘီလီယံအထိ ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)

————————-
(English Version)
Xinjiang’s expressway length exceeds 10,000 km
Source: Xinhua Editor: huaxia 2022-07-02 19:38:14
URUMQI, July 2 (Xinhua) — Thursday marked the opening of four new highways in northwest China’s Xinjiang Uygur Autonomous Region, bringing the total length of expressways in the region to over 10,000 km, according to the regional transport department.
The newly constructed highways are in Hotan Prefecture, Aksu Prefecture, Bayingolin Mongolian Autonomous Prefecture, and Hui Autonomous Prefecture of Changji.
The opening of the highways in the first three locations is particularly of great significance to improving the investment and development environment in southern Xinjiang and smoothing the traffic in the Tarim Basin.
Xinjiang plans a fixed-asset investment of 80 billion yuan (about 11.9 billion U.S. dollars) in highway transportation this year. In 2021, the region’s fixed-asset investment in highway transportation came in at 69.05 billion yuan. ■
Photo – Aerial photo shows a new highway traversing the Taklimakan Desert in northwest China’s Xinjiang Uygur Autonomous Region, June 23, 2022. (Xinhua/Li Xiang)