Connect with us

Economy

တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှု ဇူလိုင်လတွင် သိသိသာသာ မြင့်တက်လာ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ ထွန်ကျယ်ချွန်းဘူတာမှ ထွက်ခွာရန် အသင့်ပြင်နေသည့် တရုတ်-ဥရောပ ကုန်ရထားကို ဇွန် ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)

တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှုသည် ဘေးကင်း၍ အဆင်ပြေချောမွေ့စွာ လည်ပတ်မှုများဖြင့် ဇူလိုင်လအတွင်း ပို၍အားကောင်းလာခဲ့ကြောင်း China State Railway Group Co., Ltd.က ဩဂုတ် ၂ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက တရုတ်-ဥရောပ ကုန်တင်ရထား ခရီးစဉ်ပေါင်း ၁,၅၁၇ ခုအထိ စံချိန်တင်ရှိခဲ့ပြီး ယမန်နှစ်ကထက် ၁၁ ရာခိုင်နှုန်း မြှင့်တက်ခဲ့သည်။
ကုန်စည်ပမာဏပေါင်း ၁၄၉,၀၀၀ TEU စီမံနိုင်ခဲ့ရာ ပြီခဲ့သည့်နှစ်ကထက် ၁၂ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။

ပထမ ၇ လတာကာလအတွင်း တရုတ်-ဥရောပ ကုန်တင်ရထား ခရီးစဉ်အရေအတွက်ပေါင်း ၈,၉၉၀ ခုရှိရာ ပြီးခဲ့သည့်နှစ်ကထက် ၃ ရာခိုင်နှုန်း တိုးမြင့်လာသည်။ သယ်ယူပို့ဆောင်ခဲ့သော ကုန်စည်များအနေဖြင့် ၈၆၉,၀၀၀ TEU ရှိခဲ့ကာ ပြီးခဲ့သည်နှစ်ကထက် ၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/yak

#China #Europe #FreightTrains #Xinhua #Xinhuamyanmar #တရုတ် #ဥရောပ #ကုန်တင်ရထား #ဆင်ဟွာ
—————————-
China-Europe freight train services see a sharp rise in July
2022-08-02 18:45:55 分类: 社会
Photo taken on June 30, 2022 shows a China-Europe freight train ready for departure at the Tuanjiecun station in southwest China’s Chongqing Municipality. (Xinhua/Tang Yi)
BEIJING, Aug. 2 (Xinhua) — China-Europe freight train services saw robust growth in July amid a safe and smooth operation, according to China State Railway Group Co., Ltd. on Tuesday.
The number of China-Europe freight train trips surged by 11 percent year on year to hit a record 1,517 last month.
The freight trains handled 149,000 20-foot equivalent units of goods, up 12 percent from a year ago.
During the first seven months, the number of China-Europe freight train trips rose 3 percent year on year to 8,990. The trains transported a total of 869,000 20-foot equivalent units of goods, an increase of 4 percent from a year ago. ■

The number of China-Europe freight train trips surged by 11 percent year on year to hit a record 1,517 in July xhtxs.cn/yak