Connect with us

China

၂၀၂၂ ခုနှစ် တရုတ်နိုင်ငံ၏ ထိပ်တန်း သတင်း ၁၀ ရပ် [၂/၆]

၄။ တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံအား ကျင်းပ
တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကို ပေကျင်းမြို့တွင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့သည်။ အဆိုပါညီလာခံ အစည်းအဝေးတွင် တရုတ်နိုင်ငံကို ခေတ်မီ ဆိုရှယ်လစ်နိုင်ငံအဖြစ် ဘက်စုံတည်ဆောက်ရေးနှင့် တရုတ်နိုင်ငံ မဟာဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင် ဆောင်ရွက်မည့် အနာဂတ်အစီအစဉ်ကို ရေးဆွဲခဲ့ကြသည်။

၅။ တရုတ်အာကာသစခန်းတည်ဆောက်မှု သမိုင်းဝင်အောက်မြင်မှု ရရှိ
တရုတ်အာကာသစခန်း လက်တွေ့စမ်းသပ်ခန်းမော်ဂျူး “မုန့်ထျန်း”သည် အာကာသစခန်း ပင်မခန်း “ထျန်းဟဲ”နှင့် နိုဝင်ဘာ ၁ ရက်တွင် အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့သည်။ ထို့နောက် မကြာမီ ဂြိုဟ်ပတ်လမ်းအတွင်း အနေအထားပြောင်းကာ “ထျန်းဟဲ”၊ “ဝန့်ထျန်း” မော်ဂျူးများနှင့်အတူ အာကာသစခန်း အခြေခံပုံ“T”သဏ္ဍာန်ဖြစ်အောင် ပြောင်းလဲနိုင်ခဲ့သည်။
နိုဝင်ဘာ ၃၀ ရက်တွင် ရှန်ကျိုး-၁၄ နှင့် ရှန်ကျိုး-၁၅ လူလိုက်ပါအာကာသယာဉ်များသည် အာကာသစခန်းတွင် သမိုင်းဝင် စုံစည်းခဲ့ကြပြီးနောက် အာကာသစခန်း ထိန်းချုပ်စီမံမှုကို လက်လွှဲပေးခဲ့ရာ တရုတ်အာကာသသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဂြိုဟ်ပတ်လမ်းအတွင်း အာကာသယာဉ်မှူးများ အလှည့်ကျတာဝန်ထမ်းဆောင်ခြင်းကို ဆောင်ရွက်နိုင်ခဲ့သည်။ (Xinhua)

…………………………………….
(English Version)
Poster: As 2022 is coming to an end, Xinhua News Agency has picked 10 news stories that captured some of the most important events in China over the year. Here are the top 10 China news: xhtxs.cn/Dd3 (2/6)

4. GPC convenes its20th national congress
The 20th National Congress of the CPC was held in Beijing from Oct. 16 to 22. The meeting produced a blueprint for building China into a modern socialist country in all respects and advancing the great rejuvenation of the Chinese nation on all fronts

5. China achieves historic breakthrough in construction of its space station
China’s space station lab module Mengtian successfully docked with the core module Tianhe on Nov.1. and later completed its in-orbit transposition, forming the space station’s basic T-shape confiquration together with Tianhe and the Wentian lab module.
On Nov. 30, the Shenzhou-14 and Shenzhou-15 crews participated in a historic gathering in space, and later conducted the handover of the space station’s control completing the first in-orbit crew rotation in China’s space history.