Connect with us

International Organizations

ဘရာဇီးနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူ ၁၂၈ ဦးအထိ မြင့်တက်လာ

ဘရာဇီးနိုင်ငံ၊ရီယိုဒီဂျနေးရိုးပြည်နယ်Petropolisမြို့၌မိုးသည်းထန်စွာရွာသွန်းပြီးနောက်ကျိုးကျနေသောသစ်ပင် များနှင့်ပျက်စီးနေသောမော်တော်ယာဉ်များကလမ်းပိတ်ဆို့မှုဖြစ်နေသည်ကို၂၀၂၂ခုနှစ်ဖေဖော်ဝါရီ၁၆ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ဇွန် ၄ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ Pernambucoပြည်နယ် မြို့တော် Recifeနှင့် မြို့တော်နယ်နိမိတ် ဧရိယာ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူစုစုပေါင်း ၁၂၈ ဦးအထိ မြင့်တက်လာခဲ့ကြောင်းဒေသဆိုင်ရာအာဏာပိုင်များက ဇွန် ၃ ရက်၌ ပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံ၊ရီယိုဒီဂျနေးရိုးပြည်နယ်၊Petropolisမြို့၌မိုးသည်းထန်စွာရွာသွန်းပြီးနောက်ရေစီးဖြင့်မျောပါသွားသောဗင်ကားအား ကားတစ်စီးအပေါ်သို့ ရောက်ရှိနေသည်ကို၂၀၂၂ခုနှစ်၊ဖေဖော်ဝါရီ၁၆ရက်တွင်တွေ့ရစဉ်(ဆင်ဟွာ)

လူဦးရေ ၉၃၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ပြီးဖြစ်ကြောင်းနှင့် မြူနီစီပယ်ဒေသ ၃၄ ခုတွင် အရေးပေါ်အခြေအနေကြေညာထားကြောင်း Pernambucoပြည်နယ် အုပ်ချုပ်ရေးမှူးPauloCamaraသတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောကြားခဲ့သည်။

အသက်ရှင်မည်ဟု ယူဆရသူများအတွက် ကယ်ဆယ်ရန်ကြိုးပမ်းအားထုတ်မှုများပြီးဆုံးပြီဖြစ်ကြောင်း Camaraက ဖြည့်စွက်ပြောကြားခဲ့သည်။
Pernambuco ပြည်နယ်၌ ပြီးခဲ့သည့်သီတင်းပတ်ကတည်းက စံချိန်တင်မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး သီတင်းတစ်ပတ်ကုန်အတွင်း မိုးသည်းထန်ခဲ့ခြင်းကြောင့် လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ကာ တောင်ခြေတွင်နေထိုင်သူများမှာဓိကအားဖြင့်မြေပြိုမှုကိုခံစားခဲ့ရ ကြောင်း သိရသည်။

ယင်းပြည်နယ်အစိုးရအနေဖြင့် သေဆုံးသူများ၏မိသားစုများအားလျော်ကြေးငွေများပေးအပ်မည်ဖြစ်ပြီး မိုးရွာသွန်းမှုကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်ကာ နေရပ်ရွှေ့ပြောင်းရသူများအားလုံးကို ဘရာဇီးငွေ ရီရယ် ၁၅၀၀ (အမေရိကန်ဒေါ်လာ၃၁၂ဒေါ်လာခန့်) ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမိုးရွာသွန်းမှုကြောင့် ဘရာဇီးနိုင်ငံရှိ ပြည်နယ်များဖြစ်သော Sergipe ပြည်နယ်၊ Alagoas ပြည်နယ်၊ Paraiba ပြည်နယ်နှင့် RioGrandedoNorte ပြည်နယ်တို့တွင်လည်း ထိခိုက်ခံစားခဲ့ရကြောင်းသိရသည်။ (Xinhua)

……………………………………………
(English Version)
Death toll climbs to 128 from heavy rains in Brazil
RIO DE JANEIRO, June 3 (Xinhua) — The death toll from heavy rains in Recife, capital of the Brazilian state of Pernambuco, and its metropolitan area has risen to 128, local authorities said Friday.
Over 9,300 people have been evacuated and 34 municipalities have declared a state of emergency, Pernambuco Governor Paulo Camara said at a press conference.
Camara added that rescue efforts for possible survivors have come to an end.
Pernambuco has recorded heavy rains since last week, which intensified over the weekend, killing more than 100 people, mostly in foothills that suffered major landslides.
The state government will compensate the families of the deceased and will give 1,500 reals (about 312 U.S. dollars) to all those displaced by the rains, many of whom lost all their property.
The rains also affected the Brazilian states of Sergipe, Alagoas, Paraiba and Rio Grande do Norte. Enditem
–(1)DamagedtreesandvehiclesblockaroadafterheavyrainsinPetropolisinthestateofRiodeJaneiro,Brazil,Feb.16,2022.(Xinhua/WangTiancong)
(2)AvanwashedawaybyfloodwaterisseenontopofacarafterheavyrainsinPetropolisinthestateofRiodeJaneiro,Brazil,Feb.16,2022.(Xinhua/WangTiancong)