Connect with us

Africa & Middle East

ကင်ညာနိုင်ငံရှိ တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့သည့် ကျန်းမာရေးစီမံကိန်း ပြီးစီး

ကင်ညာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Zhou Pingjian နှင့် UNICEF ကိုယ်စားလှယ် Maniza Zaman တို့က နိုင်ရိုဘီမြို့၌ ဇွန် ၃၀ ရက်တွင် စီမံကိန်းပြီးမြောက်မှုလက်မှတ် ရေးထိုးနေစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

ကင်ညာနိုင်ငံရှိ မိခင် ၊ မွေးကင်းစကလေး နှင့် ကလေးသူငယ်ကျန်းမာရေးအား မြှင့်တင်ရန် တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့သည့် စီမံကိန်း အောင်မြင်စွာပြီးစီးခြင်း အထိမ်းအမှတ်အနေဖြင့် ကင်ညာနိုင်ငံရှိ တရုတ်သံရုံး နှင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(UNICEF) တို့က ဇွန် ၃၀ ရက်တွင် အခမ်းအနားတစ်ရပ်အား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။တရုတ်အစိုးရက အမေရိကန်ဒေါ်လာ ၁ သန်း ငွေကြေးထောက်ပံ့မှုနှင့်အတူ စီမံကိန်းအား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက် နှင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်အကြားတွင် UNICEF က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းတွင် ဆေးဝါးများ နှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ ဝယ်ယူခြင်း ၊ ဖြန့်ဖြူးခြင်းတို့ ပါဝင်ကြောင်း သိရသည်။

လိုလားသည့်ရလဒ်များဖြင့် စီမံကိန်းအောင်မြင်စွာပြီးစီးခြင်းသည် ကမ္ဘာ့တောင်ခြမ်းပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင် တရုတ်နိုင်ငံ နှင့် UNICEF တို့အကြား ကောင်းမွန်သောပူးပေါင်းဆောင်ရွက်များအား ထင်ဟပ်စေကြောင်း စီမံကိန်းပြီးမြောက်မှုလက်မှတ်ရေးထိုးခဲ့သည့် ကင်ညာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Zhou Pingjian က ပြောကြားခဲ့သည်။

ယင်းစီမံကိန်းသည် ကင်ညာနိုင်ငံတစ်ဝှမ်း ကောင်တီ ၈ ခုတွင် ကျန်းမာရေးအဆောက်အအုံ ၁၅၉ ခုအတွက် ဆေးဘက်ဆိုင်ရာပစ္စည်းများ နှင့် သင်တန်းများ ပေးအပ်ခဲ့ပြီး လူပေါင်း ၃ သန်းကျော် အကျိုးခံစားရကြောင်း ကင်ညာနိုင်ငံ UNICEF ထံမှ သိရသည်။

တရုတ်လှူဒါန်းထောက်ပံ့မှုနှင့်အတူ UNICEF သည် ကင်ညာနိုင်ငံရှိ အခြေခံကျန်းမာရေးအဆောက်အအုံများ တည်ဆောက်ခြင်းမှာ အားကောင်းလာခဲ့ပြီး COVID-19 ကပ်ရောဂါကာလအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးများ နှင့် ကလေးသူငယ်များ၏ သေဆုံးမှုနှုန်းအား ထိထိရောက်ရောက် လျော့ချနိုင်ခဲ့ကြောင်း ကင်ညာနိုင်ငံရှိ UNICEF ကိုယ်စားလှယ် Maniza Zaman က ပြောကြားခဲ့သည်။ (Xinhua)
————————–
(English Version)
China-funded health project completed in Kenya
Source: Xinhua Editor: huaxia 2022-07-03 19:38:13
More than 3 million people in Kenya have benefited from the implementation of a Chinese-funded project designed to promote maternal, newborn and child health in the East African Nation, according to UNICEF Kenya.
NAIROBI, July 3 (Xinhua) — The Chinese Embassy in Kenya and the UN Children’s Fund (UNICEF) on Thursday held a ceremony to mark the successful completion of a China-funded project to promote maternal, newborn and child health in the East African Nation.
The project, with 1 million U.S. dollars in funding from the Chinese government, was implemented by UNICEF between Jan. 1, 2020, and Dec. 30, 2021, involving the procurement and distribution of medical equipment and medicines.
The successful completion of the project with desired results reflects sound cooperation between China and UNICEF under the framework of South-South Cooperation, said Chinese Ambassador to Kenya Zhou Pingjian, who signed the completion certificate.
The project offered medical materials and training to 159 health facilities in eight counties across Kenya, benefiting more than 3 million people, according to UNICEF Kenya.
With Chinese donation and support, UNICEF has been strengthening the construction of grassroots health facilities in Kenya and has effectively reduced the fatality rate of pregnant women and children during the COVID-19 pandemic, said Maniza Zaman, UNICEF representative in Kenya. ■
Photo – Chinese Ambassador to Kenya Zhou Pingjian (front R) and Maniza Zaman (front L), representative of the UN Children’s Fund (UNICEF) in Kenya, sign the completion certificate of a China-funded project to promote maternal, newborn and child health in the East African Nation, in Nairobi, Kenya, June 30, 2022. (Xinhua/Long Lei)