Connect with us

Economy

တရုတ်နိုင်ငံ၏ အထည်ချုပ်လုပ်ငန်း ဇန်နဝါရီမှမေလအတွင်း ဝင်ငွေတိုးလာ

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် Taihe ကောင်တီအတွင်းရှိ ကုမ္ပဏီတစ်ခု၌ အဝတ်အစားများကို ချုပ်လုပ်နေကြသူများအား ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အထည်ချုပ်လုပ်ငန်းသည် ယခုနှစ်ပထမငါးလအတွင်း လုပ်ငန်းလည်ပတ်သည့်ဝင်ငွေမှာ တိုးလာခဲ့ကြောင်း တရားဝင်အချက်အလက်များတွင် ဖော်ပြထားသည်။ဇန်နဝါရီလမှ မေလအထိ တရုတ်နိုင်ငံ၏ အဝတ်အစားကုမ္ပဏီကြီး ၁၃,၀၅၃ ခုမှာ စုစုပေါင်း ယွမ် ၅၆၁ ဒသမ ၁ ဘီလီယံ(အမေရိကန်ဒေါ်လာ ၈၃ ဒသမ ၉ ဘီလီယံခန့်) ရရှိခဲ့ပြီး နှစ်အလိုက် ၆ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စက်မှု နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါကုမ္ပဏီများ၏ စုစုပေါင်းအကျိုးအမြတ်သည် ယွမ် ၂၃ ဒသမ ၃ ဘီလီယံအထိ နှစ်အလိုက် ၄ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ထုတ်လုပ်မှုပမာဏပေါင်းသည် အထည်အရေအတွက် ၉ ဒသမ ၃ ဘီလီယံအထိ နှစ်အလိုက် ၀ ဒသမ ၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလမှ မေလအထိ ကာလအတွင်း တရုတ်နိုင်ငံ၏ အဝတ်အထည် နှင့် ဆက်စပ်ပစ္စည်းများ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၂ ဘီလီယံအထိ ၁၀ ဒသမ ၂ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။ (Xinhua)

…………………………………………
(English Version)

China’s garment industry records revenue growth in Jan.-May
Source: Xinhua Editor: huaxia 2022-07-03 17:10:12
BEIJING, July 3 (Xinhua) — China’s garment industry registered a growth in operating revenue in the first five months of this year, official data showed.
From January to May, the country’s 13,053 major apparel companies raked in a total of 561.1 billion yuan (about 83.9 billion U.S. dollars), up 6.1 percent year on year, according to the Ministry of Industry and Information Technology.
The total profits of these companies dropped 4.6 percent year on year to 23.3 billion yuan. The combined output expanded 0.5 percent year on year to 9.3 billion pieces.
In the January-May period, the country’s exports of garments and accessories increased 10.2 percent to 62.2 billion U.S. dollars, data from the ministry showed. ■
Photo – Workers make clothes for export at a company in Taihe County, east China’s Anhui Province, May 26, 2022. (Photo by Liang Xiaopeng/Xinhua)