Europe
V-day အကြိုစစ်ရေးပြလေ့ကျင့်မှုတွင် ရုရှား၏ “ကမ္ဘာပျက်နေ့လေယာဉ်ကြီး” ပါဝင်ပျံသန်းခဲ့
မော်စကို ၊ မေ ၅ ရက် (ဆင်ဟွာ)
နျူကလီးယားစစ်ပွဲတစ်ခု၏ အဆုံးစွန်ဆုံးဆီသို့ ဦးတည်နေချိန်မျိုးတွင် မဟာဗျူဟာမြောက် ကွပ်ကဲမှု အမိန့်ပေးဌာနအဖြစ် အသုံးပြုမည့် ရုရှားနိုင်ငံ၏ ကမ္ဘာပျက်နေ့လေယာဉ်ကြီး(doomsday plane) ဟုအမည်ပေးထားသော Il-80 လေယာဉ်ကြီးသည် ဗုဒ္ဓဟူးနေ့က ပြုလုပ်သည့် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့(V-day) အကြိုစစ်ရေးပြလေ့ကျင့်မှုတစ်ခုတွင် ပါဝင် ပျံသန်းခဲ့ကြောင်း သိရသည်။
မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်များ နှင့် တိုက်ခိုက်ရေးလေယာဉ်များနှင့်အတူ Il-80 (ကမ္ဘာပျက်နေ့)လေယာဉ်ကြီးသည် MiG-29 ဂျက်တိုက်လေယာဉ်နှစ်စင်းခြံရံလိုက်ပါလျက် မော်စကိုမြို့ပေါ်တွင် ဖြတ်ကျော်ပျံသန်းခဲ့ကြောင်း သိရသည်။
ယူကရိန်းနိုင်ငံတွင် အထူးစစ်ဆင်ရေးတစ်ရပ်ပါဝင်ဆင်နွှဲခဲ့သည့် ရုရှားတပ်ဖွဲ့ဝင်များကို အားပေးထောက်ခံသည့်အနေဖြင့် MiG-29 SMT လေယာဉ် ၈ စင်းသည် မော်စကိုမြို့ရှိ ရင်ပြင်နီပေါ်၌ Z အက္ခရာပုံသဏ္ဍာန် စုဖွဲ့မှုပုံစံဖြင့် လေ့ကျင့်ပျံသန်းမှုတစ်ခု ပြုလုပ်ခဲ့သည်။
နာဇီဂျာမနီတို့အပေါ် မဟာမျိုးချစ်စစ်ပွဲတစ်ခုတွင် ဆိုဗီယက်ပြည်ထောင်စု၏ အောင်ပွဲခံခဲ့ခြင်းကို ပြန်ပြောင်းအောက်မေ့သောအားဖြင့် ရုရှားစစ်တပ်သည် နှစ်စဉ်နှစ်တိုင်း မေ ၉ ရက်တွင် V-day နေ့အထိမ်းအမှတ် စစ်ရေးပြချီတက်ပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင်ကျရောက်သော ၇၇ နှစ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့အထိမ်းအမှတ်၏ အဓိက စစ်ရေးပြချီတက်ပွဲကြီးကို မော်စကိုမြို့ရှိ ရင်ပြင်နီ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လူပေါင်း ၁၁,၀၀၀ ဦး ခန့် ၊ စစ်လက်နက်ပစ္စည်းအမျိုးအစားပေါင်း ၁၃၁ မျိုးအပြင် လေယာဉ် ၇၇ စင်းတို့ ပါဝင်ချီတက်အလေးပြုသွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး Sergei Shoigu က မေ ၄ ရက်တွင် ပြောကြားခဲ့သည်။
ယခုနှစ်တွင် ရုရှားနိုင်ငံတစ်ဝှမ်းရှိ မြို့ပေါင်း ၂၈ မြို့၌ V-day နေ့ စစ်ရေးပြချီတက်ပွဲကြီးကို အသီးသီးကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လူပေါင်း ၆၅,၀၀၀ နီးပါး ၊ စစ်လက်နက်ပစ္စည်းကိရိယာအမျိုးအစားပေါင်း ၂,၄၀၀ ခန့် အပြင် လေယာဉ် အစင်းပေါင်း ၄၆၀ စင်းပါဝင် အသုံးတော်ခံမည်ဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
………………………………….
(English Version)
Russia’s “doomsday plane” appears in V-day parade rehearsal
MOSCOW, May 4 (Xinhua) — A Russian Il-80 aircraft, which will serve as a strategic command post in the “doomsday” of a nuclear war, participated in a rehearsal of the upcoming Victory Day parade on Wednesday.
Together with strategic bombers and fighters, the Il-80 escorted by two MiG-29 jets flew over Moscow.
Eight MiG-29SMT aircraft flew past the Red Square in a Z-shaped formation in support of the Russian troops participating in the special military operation in Ukraine.
Russia holds military parades on May 9 every year to commemorate the Soviet Union’s victory in the Great Patriotic War against Nazi Germany.
About 11,000 people, 131 types of weapons and military equipment as well as 77 aircraft will participate in the main parade on the Red Square this year marking the 77th anniversary of the victory, Russian Defense Minister Sergei Shoigu said Wednesday.
In total, military parades will be held in 28 Russian cities this year, involving almost 65,000 people, about 2,400 types of weapons and military equipment as well as more than 460 aircraft, he added.
Xinhua file photo of Russian Il-80 aircraft