Europe
ယူကရိန်းနိုင်ငံ၌ စစ်ရေးအထောက်အပံ့များ ပေးနေသည့် NATO ယာဉ်များအား တိုက်ခိုက်မည်ဟု ရုရှားခြိမ်းခြောက်
မော်စကို ၊ မေ ၅ ရက်(ဆင်ဟွာ)
ယူကရိန်းစစ်တပ်၏ လိုအပ်ချက်များအတွက် လက်နက်များ သို့မဟုတ် ပစ္စည်းများနှင့်အတူ ယူကရိန်းနိုင်ငံသို့ ရောက်ရှိနေသည့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO)၏ မည်သည့်ယာဉ်မျိုးကိုမဆို “အဖျက်အဆီးအတွက် တရားဝင်ပစ်မှတ်တစ်ခု”အဖြစ် ရုရှားနိုင်ငံက ယူဆသဘောထားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က မေ ၄ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီးက ရုရှားထိပ်တန်းကာကွယ်ရေးတာဝန်ရှိသူများနှင့်အတူ ပြုလုပ်သည့် အစည်းအဝေးတစ်ခု၌ ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ပြီး အမေရိကန်နိုင်ငံ နှင့် ၎င်းတို့၏ NATO မဟာမိတ်များသည် ယူကရိန်းနိုင်ငံသို့ လက်နက်များ ဆက်လက်ထောက်ပံ့နေသည်ဟု မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။
Lugansk နှင့် Donetsk တို့၏ တပ်ဖွဲ့များ နှင့်အတူ ရုရှားတပ်များသည် ဒွန်းဘတ်စ် ၏ နေရာအများအပြားအား ထိန်းချုပ်ထားပြီး ၎င်းတို့၏ လုပ်ငန်းတာဝန်များအား ဆက်လက်ကျေပွန်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။
တိုက်ပွဲနယ်မြေများမှ အရပ်သားများ ဘေးကင်းလုံခြုံစွာပြောင်းရွှေ့နိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုစင်္ကြံများအား နေ့စဉ်ဖွင့်လှစ်ထားကြောင်း ၎င်းက ပြောကြားခဲ့ပြီး ရုရှားတပ်ဖွဲ့များက ထိန်းချုပ်ထားသည့်မြို့များအတွင်း နေထိုင်ကြသည့် ဒေသခံများကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ တက်တက်ကြွကြွ ပံ့ပိုးပေးနေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
…………………………………
(English Version)
Russia threatens to attack NATO vehicles delivering military supplies in Ukraine
MOSCOW, May 4 (Xinhua) — Any vehicle of the North Atlantic Treaty Organization (NATO) that arrives in Ukraine with weapons or material for the needs of the Ukrainian armed forces is considered by Russia as “a legitimate target for destruction,” Russian Defense Minister Sergei Shoigu said Wednesday.
Shoigu made the remarks at a meeting with Russia’s top defense officials, noting the United States and its NATO allies are continuing to supply weapons to Ukraine.
Russian troops together with the forces of Lugansk and Donetsk are controlling more areas of Donbass, and they will continue to fulfill their tasks, according to the minister.
For the safe evacuation of civilians from combat zones, humanitarian corridors are opened daily, he said, adding that the Russian armed forces are actively providing humanitarian assistance to residents living in cities controlled by the forces. ■
Photo – Russian Defense Minister Sergei Shoigu holds a meeting with top defense officials on May 4, 2022.