Connect with us

Europe

အယ်လီဇဘတ်ဘုရင်မကြီးက နှစ်ပေါင်း ၇၀ နန်းစံပြီးနောက် တိုင်းပြည်အကျိုး ဆက်လက်သယ်ပိုးသွားမည်ဟု ကတိပြု

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ဇွန် ၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဘုရင်မကြီးအယ်လီဇဘတ်၏ နန်းစံ နှစ် ၇၀ ပြည့်အခမ်းအနားတွင် ပြည်သူများအလံများဝှေ့ယမ်းဂုဏ်ပြုနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဇွန် ၆ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံ(ယူကေ) ၏ နန်းသက် အရှည်ကြားဆုံး ဘုရင်မကြီး အယ်လီဇဘတ် ၂ က သူ(မ) ၏ နန်းစံသက် နှစ်ပေါင်း ၇၀ ကြာ အခမ်းအနားဆင်နွှဲခဲ့ပြီးသည့်နောက်တွင် တိုင်းသူပြည်သားများအတွက် နိုင်ငံ့အကျိုးကို ဆက်လက်သယ်ပိုးသွားမည်ဟု ဇွန် ၅ ရက်၌ ကတိပြုပြောကြားခဲ့သည်။“ သင်တို့ရဲ့ ဘုရင်မကြီး အဖြစ် နှစ်ပေါင်း ၇၀ ကြာ နန်းစံခြင်း အထိမ်းအမှတ်ကို ဘယ်လို ကျင်းပရမလဲဆိုတဲ့ လမ်းညွှန်ပြဌာန်းစာအုပ်မျိုးမရှိပါဘူး ။ ဒါပေမယ့် ကျွန်ုပ်ရဲ့ ပလက်တီနန်ရတု အခမ်းအနားကို ဆင်နွှဲဖို့ လမ်းမထက်ကို ရောက်ရှိနေကြတဲ့ များစွာသော ပြည်သူတွေကို ကျွန်ုပ်အနေနဲ့ တကယ့်ကို နိုမ့်နိုမ့်ချချ နဲ့ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတဲ့အကြောင်း ပြောကြားလိုပါတယ် ” ဟု ၄ ရက်တာ ကျင်းပသည့် အခမ်းအနားအပြီး ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် သက်တော် ၉၆ နှစ်အရွယ်ရှိ ဘုရင်မကြီးက ထည့်သွင်း မိန့်ကြားခဲ့သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ဇွန် ၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဘုရင်မကြီးအယ်လီဇဘတ်၏ နန်းစံ နှစ် ၇၀ ပြည့်အခမ်းအနားတွင် ဗြိတိသျှတော်ဝင်လေတပ်က ဇွန် ၂ ရက်တွင် ဘက်ကင်ဟမ်နန်းတော်ပေါ် ဖြတ်ကျော် ပျံသန်းပျံ အလေးပြုစဉ်(ဆင်ဟွာ)

ဘုရင်မကြီး၏ နန်းစံသက် နှစ် ၇၀ ပြည့် ပလက်တီနန်ရတုအခမ်းအနားကို ဂုဏ်ပြုတပ်ဖွဲ့ချီတက်မှုများ ၊ ပြပွဲများ နှင့် ယဉ်ကျေးမှုဖျော်ဖြေပွဲများအပါအဝင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ လမ်းမများပေါ်၌ လူထောင်ပေါင်းများစွာက စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ဇွန် ၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဘုရင်မကြီးအယ်လီဇဘတ်၏ နန်းစံ နှစ် ၇၀ ပြည့်အခမ်းအနားတွင် ဘုရင်မကြီးက ဘက်ကင်ဟမ်နန်းတော် လေသာဆောင်မှ နေ၍ ပြည်သူများအား နှုတ်ဆက်နေသည်ကို ဇွန် ၂ ရက်တွင်တွေ့ရစဉ်(ဆင်ဟွာ)

ထိုသို့ လန်ဒန်မြို့လယ်ခေါင်ရှိလမ်းမများထက်တွင် အနုပညာဖျော်ဖြေပွဲများ ၊ ဂီတာတင်ဆက်မှုများ နှင့် ကပွဲများ တင်ဆက်ခြင်း နောက်ဆုံးနေ့ဖြစ်သော တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ဘုရင်မကြီးသည် သူ(မ) စံမြန်းရာ လန်ဒန်မြို့ရှိ ဘက်ကင်ဟမ်နန်းတော် လေသာဆောင်ရှေ့မှနေ၍ ပြည်သူများအား နှုတ်ဆက်ခဲ့သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ဇွန် ၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဘုရင်မကြီးအယ်လီဇဘတ်၏ နန်းစံ နှစ် ၇၀ ပြည့်အခမ်းအနားတွင် ဂုဏ်ပြုတပ်ဖွဲ့ဝင်များ ချီတက်အလေးပြုနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဘုရင်မကြီးသည် ရောင်စုံတပ်ဖွဲ့ချီတက်အလေးပြုခြင်းကို ခံယူရန် ဇွန် ၂ ရက်တွင် ဘက်ကင်ဟမ်နန်းတော် လေသာဆောင်သို့ ထွက်ခဲ့ပြီးနောက်တွင် အသက်အရွယ်အရ လှုပ်ရှားသွားလာရန် ပြဿနာရှိနေသဖြင့် ဇွန် ၃ ရက်က စိန့်ပေါဘုရားကျောင်း၌ ကျင်းပပြုလုပ်သည့် ကျေးဇူးတော်နေ့အခမ်းအနား နှင့် ဇွန် ၄ ရက်က ဘက်ကင်ဟမ်နန်းတော်ပြင်ပ၌ ကျင်းပပြုလုပ်သည့် ကြယ်ပွင့်ဖျော်ဖြေပွဲ နှင့် မီးထွန်းပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းမရှိပေ။

“ လူကိုယ်တိုင်အခမ်းအနားတွေကို မတက်ရောက်နိုင်ပေမယ့်လည်း ကျွန်ုပ်ရဲ့ နှလုံးသားဟာ သင်တို့နဲ့အတူရှိနေပါတယ် ၊ ပြီးတော့ ကျွန်ုပ်မိသားစုဝင်တွေရဲ့ ဖေးမကူညီမှု ၊ ကျွန်ုပ်ရဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်မှု နဲ့ သင်တို့အတွက် တိုင်းပြည်အကျိုးကို ဆက်လက်သယ်ပိုးသွားမယ်လို့ ကတိပြုပါတယ်” ဟု ဘုရင်မကြီးက မိန့်ကြားခဲ့သည်။(Xinhua)

—————————
(English Version)

Queen Elizabeth II vows to keep serving after 70-yr reign
LONDON, June 5 (Xinhua) — Queen Elizabeth II, the longest-serving monarch of the United Kingdom (UK), on Sunday vowed to keep serving the people after celebrations for her 70 years of reign.
“When it comes to how to mark 70 years as your queen, there is no guidebook to follow… But I have been humbled and deeply touched that so many people have taken to the streets to celebrate my Platinum Jubilee,” the 96-year-old monarch said in a statement, capping the four-day national celebrations.
Tens of thousands of people took to the streets of London for celebrations that include military parades, concerts and cultural shows.
The Queen briefly appeared Sunday afternoon on the balcony of Buckingham Palace, her royal residence in central London, at the end of day-long pageant featuring street arts, music and carnival in central London.
She missed a thanksgiving service at St. Paul’s Cathedral on Friday and a star-studded concert and light show outside Buckingham Palace on Saturday due to her mobility issue after appearing on the Palace’s balcony for Trooping the Color on Thursday.
“While I may not have attended every event in person, my heart has been with you all; and I remain committed to serving you to the best of my ability, supported by my family,” the Queen said.

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.