Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကုန်သေတ္တာသိုလှောင်ဝင်း မီးလောင်ပေါက်ကွဲမှုများကြောင့် လူ ၃၇ ဦး သေဆုံး ၊ ၂၀၀ ကျော် ဒဏ်ရာရရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Chattogram ခရိုင်အတွင်းရှိ ကုန်သေတ္တာဝင်းတစ်ခု၌ မီးလောင်မှု ဖြစ်ပွားရာနေရာအား ဇွန် ၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဒါကာ ၊ ဇွန် ၆ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့၏ အရှေ့တောင်ပိုင်း ၂၄၂ ကီလိုမီတာအကွာရှိ Chattogram ခရိုင်အတွင်းရှိ ကုန်သေတ္တာသိုလှောင်ဝင်းတစ်ခု၌ ဇွန် ၄ ရက် ညပိုင်းတွင် မတော်တဆမီးစွဲလောင်ပြီးနောက် ပေါက်ကွဲမှုများကြောင့် လူ ၃၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ဇွန် ၅ ရက်တွင် ပြောကြားခဲ့သည်။
ယင်းမီးလောင်မှုသည် Chattogram ခရိုင်၏ မြို့စွန်မြို့ဖျား Sitakunda တွင် တည်ရှိသည့် ကုန်သေတ္တာထားရှိသည့် ဝင်းခြံအတွင်း ဓာတုပစ္စည်းများ ထည့်သွင်းထားသော ကုန်သေတ္တာများအနက် ကုန်သေတ္တာတစ်လုံးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Chattogram ခရိုင်အတွင်းရှိ ကုန်သေတ္တာဝင်းတစ်ခု၌ မီးလောင်မှု ဖြစ်ပွားရာနေရာအား ဇွန် ၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကုန်သေတ္တာသိုလှောင်ဝင်းမီးလောင်မှုကြောင့် ဒဏ်ရာရရှိသူများအနက် ၂၃ ဦးမှာ ထပ်မံသေဆုံးသွားသဖြင့် ဇွန် ၅ ရက် မွန်းလွဲပိုင်းအထိ သေဆုံးသူ ၃၇ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် Mohammad Mominur Rahman က ဆင်ဟွာသို့ တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။

နယ်သာလန်-ဘင်္ဂလားဒေ့ရှ် ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်သည့် ပုဂ္ဂလိက BM Container Depot ကုမ္ပဏီ၌ ဇွန် ၄ ရက် ဒေသစံတော်ချိန် ည ၈ နာရီ(ဂရင်းနစ်စံတော်ချိန် ၁၄၀၀) ခန့်တွင် မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၀၀ ထက်မနည်း မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မီးလောင်ဒဏ်ရာရရှိသူများအားလုံးအား ဆေးရုံများသို့ ပြောင်းရွှေ့ပေးခဲ့ပြီး အများအားဖြင့် အသေးစားမှ အကြီးစား မီးလောင်ဒဏ်ရာများ ရရှိခံစားရကြောင်း ၊ ၎င်းတို့အနက်မှ တစ်ချို့မှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိကြောင်း သိရသည်။ မီးသတ်အရာရှိတစ်ဦးက သေဆုံးသူအရေအတွက်သည် ဆက်လက်မြင့်တက်လာဖွယ် ရှိကြောင်း သတိပေးခဲ့သည်။

ခရိုင်အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်က မီးသတ်အဖွဲ့ ၁၆ ဖွဲ့သည် မီးငြှိမ်းသတ်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ဇွန် ၅ ရက်အစောပိုင်းတွင် ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

—————————
(English Version)

37 confirmed dead, over 200 injured in Bangladesh container depot fire, explosions

DHAKA, June 5 (Xinhua) — At least 37 people died as a container depot in Bangladesh’s Chattogram district, about 242 km southeast of capital Dhaka, caught fire followed by explosions on Saturday night, a senior official said Sunday.

The fire broke out in one of the containers loaded with chemicals in the container yard located in Sitakunda on the outskirts of Chattogram.

The district’s chief administrator Mohammad Mominur Rahman told Xinhua over mobile phone that the death toll of the depot fire has risen to 37 on Sunday afternoon after “another 23 people succumbed to their injuries.”

He said at least 200 others suffered burn injuries in the devastating fire that broke out at about 8:00 p.m. local time (1400 GMT) Saturday at the private BM Container Depot Ltd., a Netherlands-Bangladesh joint venture company.

All the victims were shifted to hospitals, mostly suffering from mild to heavy burns, with several of them in critical condition. A fire official warned that the death toll is likely to rise.
The district’s administration chief said 16 firefighting units had been striving to put out the blaze, which was almost under control early Sunday.■

Photo 1 – Photo taken on June 5, 2022 shows the site where a fire broke out at a container depot in Chattogram, Bangladesh. (Xinhua)

Photo 2 – Photo taken on June 5, 2022 shows the site where a fire broke out at a container depot in Chattogram, Bangladesh. (Xinhua)