Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ၏ ငွေကြေးဖောင်းပွမှုက ဇွန်လတွင် ၂၄နှစ်နီးပါးအတွင်း အမြင့်ဆုံးသို့ ရောက်ရှိ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စူပါမားကက်တစ်ခုတွင် ဈေးဝယ်နေသော အမျိုးသမီးတစ်ဦးအား ၂၀၂၂ခုနှစ် ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

စက်သုံးဆီဈေးနှုန်းများ တဟုန်ထိုး မြင့်တက်လာခြင်းနှင့်စားသောက်ကုန်များဈေးနှုန်းမြင့်မားခြင်းတို့ကြောင့် ဇွန်လတွင် ၂၄ နှစ်နီးပါးအတွင်း တောင်ကိုရီးယား၏ ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း ဇူလိုင် ၅ ရက်တွင် ထုတ်ပြန်ေသာ စာရင်းအင်းရုံး အချက်အလက်များက ဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စူပါမားကက်တစ်ခုတွင် ဈေးဝယ်နေသော သူများအား ၂၀၂၂ခုနှစ် ဇူလိုင် ၅ ရက် က တွေ့ရစဉ် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စူပါမားကက်တစ်ခုတွင် ဈေးဝယ်နေသော အမျိုးသမီးတစ်ဦးအား ၂၀၂၂ခုနှစ် ဇူလိုင် ၅ ရက် က တွေ့ရစဉ် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် စက်သုံးဆီဈေးနှုန်းများ ဖော်ပြထားသည်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၅ ရက်က တေွ့ရစဉ် (ဆင်ဟွာ)

စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်၌ ဒီဇယ်ဆီဖြည့်နေသော အမျိုးသားတစ်ဦးအား ၂၀၂၂ ခုနှစ်၊ ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စားသုံးသူဈေးနှုန်းညွှန်းကိန်း (CPI) သည် ဇွန်လတွင် ၁၀၈.၂၂ တွင်ရှိပြီး ယမန်နှစ်အလားတူကာလထက် ၆.၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ‌တောင်ကိုရီးယားစာရင်းအင်းရုံး၏ ထုတ်ပြန်ချက်အရသိရသည်။ ယင်းမှာ ၁၉၉၈ ခုနှစ် နိုဝင်ဘာလမှစ၍၂၄ နှစ်နီးပါးအတွင်း အမြင့်ဆုံး မြင့်တက်သွားမှုဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————
(English Version)
S.Korea’s headline inflation hits nearly 24-year high in June
SEOUL, July 6 (Xinhua) — South Korea’s headline inflation hit the highest in nearly 24 years in June owing to surging energy prices and higher eating-out costs, statistical office data showed Tuesday.

The consumer price index (CPI) stood at 108.22 in June, up 6.0 percent from the same month of last year, according to Statistics Korea. It was the highest growth in almost 24 years since November 1998.