Connect with us

Africa & Middle East

ဟာဗားနားမြို့ရှိ ဟိုတယ် ပေါက်ကွဲမှုတွင် လူ ၈ ဦးထက်မနည်းသေဆုံး

ကျူးဘားနိုင်ငံ ဟာဗားနားမြို့ရှိ Hotel Saratoga တွင် ပေါက်ကွဲမှုဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးသမားတစ်ဦးအား မေ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟာဗားနား၊ မေ ၇ ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံ ဟာဗားနားမြို့လယ်ရှိ ဟိုတယ်တစ်ခုတွင် မေ ၆ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူ ၈ ဦးထက်မနည်းသေဆုံးပြီး အခြား ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တရားဝင်သတင်းရင်းမြစ်များက သတင်းဖော်ပြထားသည်။“ဟာဗားနားရှိ ကျန်းမာရေးစနစ်က အပြည့်အဝလုပ်ဆောင်နိုင်တယ်ဆိုတာ ပြည်နယ်ဆိုင်ရာ ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး Emilio Delgado Iznaga က အတည်ပြုထားပါတယ်။ လူ ၈ ဦး သေဆုံးပြီး ၃၀ ခန့် ဆေးရုံတင်ထားရပါတယ်” ဟု ကျူးဘား သမ္မတရုံးက မေ ၆ ရက်က တွစ်တာပေါ်၌ ရေးသားထားကာ “လူအမြောက်အများကလည်း သွေးလှူဖို့ကမ်းလှမ်းထားကြတယ်” ဟု ဖြည့်စွက်ပြောခဲ့သည်။

ကျူးဘားနိုင်ငံ ဟာဗားနားမြို့ရှိ Hotel Saratoga တွင် ပေါက်ကွဲမှုဖြစ်ပွားရာနေရာအား မေ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Hotel Saratoga တွင် ပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းရင်းမှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ဖြစ်နိုင်ကြောင်း ကျူးဘား သမ္မတရုံးအရ သိရသည်။

ကျူးဘားနိုင်ငံ ဟာဗားနားမြို့ရှိ Hotel Saratoga တွင် ပေါက်ကွဲမှုဖြစ်ပွားရာနေရာ၌ သမ္မတ Miguel Diaz-Canel (ဝဲဘက် တတိယမြောက်) အား မေ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမျိုးသားလွှတ်တော်အဆောက်အအုံအနီးရှိ ကြယ်ငါးပွင့်အဆင့်ရှိသော အဆိုပါဟိုတယ်မှာ နိုင်ငံ၏ ခရီးသွားလုပ်ငန်းပြန်လည်နိုးထရေး တစ်စိတ်တစ်ပိုင်းအဖြစ် လာမည့်ရက်အနည်းငယ်အတွင်း ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိသည်။

ကျူးဘားနိုင်ငံ ဟာဗားနားမြို့ရှိ Hotel Saratoga တွင် ပေါက်ကွဲမှုဖြစ်ပွားရာနေရာ၌ မီးသတ်ကားများအား မေ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျူးဘားနိုင်ငံ ဟာဗားနားမြို့တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပျက်စီးနေသော Hotel Saratoga အား မေ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျူးဘားနိုင်ငံ ဟာဗားနားမြို့ရှိ Hotel Saratoga တွင် ပေါက်ကွဲမှုဖြစ်ပွားသော နေရာ၌ ကယ်ဆယ်ရေးသမားများနှင့် မီးသတ်သမားများအား မေ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ငံပိုင် မီဒီယာဖြစ်သော Cubadebate မှ မျှဝေထားသော လူမှုမီဒီယာသတင်းများအရ ပေါက်ကွဲမှုသည် ဓာတ်ငွေ့ရည်ဖြင့် လုပ်ငန်းဆောင်ရွက်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကျူးဘားနိုင်ငံ သမ္မတ Miguel Diaz-Canel က အခင်းဖြစ်ပွားရာနေရာနှင့် ဒဏ်ရာရသူအများအပြားကို ဆေးကုသ‌ပေးလျက်ရှိသော ဟာဗားနားရှိ ဆေးရုံသို့ သွားရောက်ခဲ့ကြောင်း ကျူးဘား သမ္မတရုံးမှ တွစ်တာအကောင့်တွင် ထုတ်ပြန်ထားသော ဓာတ်ပုံများအရ သိရသည်။ (Xinhua)

………………………………………………
(English Version)
At least 8 killed in Havana hotel explosion

HAVANA, May 6 (Xinhua) — At least 8 people were killed and over 30 others injured after an explosion ripped through a hotel in downtown Havana of Cuba Friday morning, official sources reported.
“The provincial director of health, Emilio Delgado Iznaga, confirms that the health system in Havana is fully active. So far 8 people have died and some thirty are hospitalized,” the Cuban Presidential Office said in a tweet on Friday, adding that “several people are offering blood donations.”
A gas leak is thought to be the cause of the explosion at Hotel Saratoga, according to the Cuban Presidential Office.
The five-star hotel, located near the National Capitol building, was preparing to reopen in the next few days as part of the revival of tourism industry on the island.
According to social media reports shared by the state media Cubadebate, the explosion apparently occurred while the facility was carrying out operations with liquefied gas.
After the explosion, Cuban President Miguel Diaz-Canel went to the scene of the incident and to a local hospital in Havana, where several of the injured were being cared for, according to images published by the Cuban Presidential Office on its Twitter account. ■
Photo 1 : A rescuer works at the site where an explosion occurred at Hotel Saratoga in Havana, Cuba, on May 6, 2022. At least eight people were killed and over 30 others injured after an explosion ripped through the hotel in downtown Havana Friday morning, official sources reported. (Photo by Joaquin Hernandez/Xinhua)
Photo 2 : Photo taken on May 6, 2022 shows the site where an explosion occurred at Hotel Saratoga in Havana, Cuba. At least eight people were killed and over 30 others injured after an explosion ripped through the hotel in downtown Havana Friday morning, official sources reported. (Photo by Joaquin Hernandez/Xinhua)
Photo 3 : Cuban President Miguel Diaz-Canel (3rd L) inspects the site where an explosion occurred at Hotel Saratoga in Havana, Cuba, on May 6, 2022. At least eight people were killed and over 30 others injured after an explosion ripped through the hotel in downtown Havana Friday morning, official sources reported. (Photo by Joaquin Hernandez/Xinhua)
Photo 4 : Fire trucks are seen at the site where an explosion occurred at Hotel Saratoga in Havana, Cuba, on May 6, 2022. At least eight people were killed and over 30 others injured after an explosion ripped through the hotel in downtown Havana Friday morning, official sources reported. (Photo by Joaquin Hernandez/Xinhua)
Photo 5 : Photo taken on May 6, 2022 shows the damaged Hotel Saratoga after an explosion in Havana, Cuba. At least eight people were killed and over 30 others injured after an explosion ripped through the hotel in downtown Havana Friday morning, official sources reported. (Photo by Joaquin Hernandez/Xinhua)
Photo 6 : Rescuers and firefighters work at the site where an explosion occurred at Hotel Saratoga in Havana, Cuba, on May 6, 2022. At least eight people were killed and over 30 others injured after an explosion ripped through the hotel in downtown Havana Friday morning, official sources reported. (Photo by Joaquin Hernandez/Xinhua)