Connect with us

Africa & Middle East

တရုတ်နိုင်ငံ၏ အကူအညီပေးရေးစီမံကိန်းက ဇင်ဘာဘွေရှိ သားဖွားကျန်းမာရေးဝန်ဆောင်မှုများကို တိုးတက်ကောင်းမွန်စေပြီး လူ ၁.၇၄ သန်း အကျိုးကျေးဇူးရရှိခဲ့

ဇင်ဘာဘွေနိုင်ငံ သမ္မတ နှင့် ဇင်ဘာဘွေနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး နှုတ်ဆက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဟာရာရီ၊ မေ ၇ ရက် (ဆင်ဟွာ)

ဇင်ဘာဘွေနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ဇင်ဘာဘွေရှိ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF )တို့က “မိခင်နှင့် ကလေးကျန်းမာရေးဝန်ဆောင်မှု” စီမံကိန်းပြီးစီးကြောင်း မေ ၆ ရက်တွင် စီမံကိန်းပြီးစီးကြောင်း လက်မှတ်လဲလှယ်ခဲ့သည်။ စီမံကိန်း အကောင်အထည်ဖော်သည့် ၂ နှစ်တာကာလအတွင်း ဇင်ဘာဘွေ ကျေးရွာဒေသရှိ မိခင်နှင့် ကလေး ကျန်းမာရေးဝန်ဆောင်မှု အရည်အသွေး သိသိသာသာမြင့်တက်လာခဲ့ပြီး လူပေါင်း ၁.၇၄ သန်းမှာ ယင်းစီမံကိန်းများမှ အကျိုးကျေးဇူးရရှိခဲ့ကြောင်း သိရသည်။တရုတ်အစိုးရမှ အဆိုပြုသည့် ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေထောက်ပံ့မှုအောက်တွင် UNICEF သည် ဇင်ဘာဘွေနိုင်ငံတွင် “မိခင်နှင့် ကလေးကျန်းမာရေးဝန်ဆောင်မှု” စီမံကိန်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ ယင်းစီမံကိန်းသည် ဇင်ဘာဘွေနိုင်ငံရှိ မိခင်၊ မွေးကင်းစနှင့် ကလေးများ ကျန်းမာရေးဝန်ဆောင်မှု၏ လက်လှမ်းမီမှု၊ အရည်အသွေးနှင့် အသုံးချမှုကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရသည်။ စီမံကိန်းသည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ စတင်အကောင်အထည်ဖော်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ပြီးဆုံးခဲ့သည်။ ကိုဗစ်ကပ်ရောဂါကြောင့် ယင်းစီမံကိန်းအပေါ် သက်ရောက်မှုရှိခဲ့သော်လည်း အကောင်အထည်ဖော်ရေးတာဝန်ရှိသူများ၏ ကြိုးပမ်းမှုကြောင့် စီမံကိန်းအောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

စီမံကိန်းနောက်ဆုံးအစီရင်ခံစာအရ အကောင်အထည်ဖော်စဉ်ကာလအတွင်း UNICEF သည် ဇင်ဘာဘွေရှိ ပြည်နယ်အဆင့်ဆေးရုံ၏ သွားဖွားဌာနနှင့် ကလေးအထူးကုဌာနအတွက် အခြေခံဆေးဘက်ကုသရေးဆိုင်ရာ ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခဲ့သည်။ စီမံကိန်းအကောင်အထည်ဖော်ရာ အဓိကပြည်နယ်ဖြစ်သည့် ပြည်နယ်တွင် အရည်အသွေးမြင့် ကျန်းမာရေးဝန်ဆောင်မှုရရှိသည့် ကျေးလက်အိမ်ထောင်စုသည် ၇၆ ရာခိုင်နှုန်းမှ ၈၃ ရာခိုင်နှုန်းအထိ တိုးလာကြောင်း သိရသည်။ ယင်းစီမံကိန်းသည် ကိုယ်ဝန်ဆောင်အမျိုးသမီး ၅၇,၀၀၀ အား သားဖွားအန္တရာယ် လျော့ချသည့် ဝန်ဆောင်မှုပေးခဲ့ပြီး ၅ နှစ်အောက် ကလေး ၄၄၇,၀၀၀ အား စောင့်ရှောက်‌ပေးခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်သည့် ကလေး ၅,၂၀၀ ကျော်အား ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ပြင် ယင်းစီမံကိန်းသည် အခြေခံလူတန်းစားဝန်ဆောင်မှုဌာနများမှတစ်ဆင့် အမျိုးသမီးနှင့်ကလေးငယ် ၂၁၆,၀၀၀ ကို မီးဖွားခြင်း၊ ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် အာဟာရဝန်ဆောင်ခြင်းများ ပေးအပ်ခဲ့ပြီး မိသားစုပေါင်း ၁.၀၂ သန်းအား ကိုဗစ်ကာကွယ်ရေးဆိုင်ရာ အချက်အလက်များကို ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

၎င်းစီမံကိန်းသည် ဇင်ဘာဘွေရှိ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း ၈၀ ရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်း ၃၂၈ ဦးအား သားဖွားဆိုင်ရာ သင်တန်းပို့ချမှုပေးခဲ့ရာ မွေးကင်းစကလေးငယ် အရေးပေါ်ကုသရေး၊ သားဖွားပြီး သွေးလွန်ခြင်းနှင့် ကိုယ်ဝန်ဆိပ်တက်ခြင်း စသည်တို့ကို အဓိကသင်ယူပို့ချပေးခဲ့သည်။ ထို့ပြင် အခြေခံကျန်းမာရေး ဝန်ထမ်း ၃,၅၀၀ အား ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးနှင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်ကိုင်တွယ်ဖြေရှင်းခြင်း ပါဝင်သည့် ရပ်ရွာသူနာပြုသင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။(Xinhua)

…………………………………………
(Chinese Version)

中国援助项目改善津巴布韦妇产健康服务 174万人受益

新华社哈拉雷5月6日电(记者张玉亮)6日,中国驻津巴布韦大使馆与联合国儿童基金会驻津巴布韦办事处在此间完成“产妇、新生儿和儿童健康服务”项目结项证书换签工作。通过实施这一为期两年的项目,津巴布韦农村地区孕产妇和新生儿健康服务水平显著提升,共有174万人从中受益。

在中国政府设立的南南合作援助基金支持下,联合国儿基会在津巴布韦成功执行“产妇、新生儿和儿童健康服务”项目。该项目总体目标是加快提高津巴布韦孕产妇、新生儿和儿童保健服务的可及性、质量和利用率。项目从2020年1月1日开始实施,于2021年12月30日结束。尽管新冠疫情对项目造成一定影响,但实施人员付出巨大努力,确保项目圆满完成。

项目最终报告显示,项目实施期间,联合国儿基会向津巴布韦所有省级医院的妇产科和儿科提供了基本医疗设备支持。在中马绍纳兰省和南马塔贝莱兰省两个项目实施重点省份,能够获得高水平乡村卫生工作者医疗服务的农村家庭比例从76%提高到83%,由熟练医务人员接生的农村产妇比例从78%提高到90.2%。

报告说,该项目总共为5.7万名孕妇提供服务,将她们转诊到保健机构分娩,降低其孕产风险;对44.7万名5岁以下儿童进行成长监测;为5200多名腹泻儿童进行药物治疗。项目还通过基层服务站向21.6万名妇女儿童提供了孕产、保健和营养服务,并向102万个家庭提供了新冠病毒预防信息。

报告还显示,项目对津巴布韦80家医疗机构的328名卫生工作者进行了孕产科培训,培训重点内容是新生儿急救、产后出血和先兆子痫的治疗;还对24个医护团队进行全面产科和新生儿护理培训。此外,还有3500名基层卫生工作者通过该项目接受了社区护理培训,内容包括新冠疫情防控、卫生紧急情况处理等。(完)