Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံ ဘာလူချီစတန်ပြည်နယ်၌ မိုးရွာသွန်းမှုနှင့် ဆက်စပ်၍ လူ ၂၅ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ်၊ Quetta မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလျှံနေသည့်လမ်းကိုရိုက်ကူးထားသည်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလူချီစတန်ပြည်နယ်၌ မိုးရွာသွန်းမှုနှင့် စပ်လျဉ်းသော မတော်တဆမှုများကြောင့် လူ ၂၅ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (PDMA) ၏ ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် Quetta တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးနေသည့် အိမ်များကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၅ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဇူလိုင် ၄ ရက်တွင် ခရိုင်များစွာ၌ စတင်၍ မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်ပွားခဲ့ပြီး ဆက်လက်၍ မိုးသည်းထန်ခဲ့ခြင်းကြောင့် မတော်တဆမှုများစွာဖြစ်ပွားခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကလေးငယ်များ အပါအဝင် လူရှစ်ဦးသေဆုံးခဲ့ပြီးနောက် ပြည်နယ်မြို့တော် Quetta က သဘာဝဘေးဒဏ်သင့်နေရာအဖြစ် ကြေညာခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ် ၂၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး တိရစ္ဆာန်အကောင်ရေ ၂,၀၀၀ ခန့် သေဆုံးခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ် Naseer Ahmad Nasar က ဇူလိုင် ၅ ရက်၌ ပြောကြားခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေနုတ်မြောင်းကြီးများတွင် ရုတ်တရက် ရေလျှံကာ မြေနိမ့်ပိုင်း နေရာအများအပြား ရေနစ်မြုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၄၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာပြင်းထန်သောသူများအား ပြည်နယ်ရှိ ဆေးရုံအသီးသီး၌ ကုသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြည်နယ်အတွင်း ကျောက်မီးသွေးတွင်း လုပ်သားငါးဦး၊ သိုးကျောင်းသားတစ်ဦးနှင့် ၎င်းထိန်းကျောင်းနေသော သိုးများ၊ ကလေးနှစ်ဦး အပါအဝင် လူအများအပြားမှာလည်း ရုတ်တရက်ရေလွှမ်းမိုးမှုကြောင့် ရေစီးနှင့်မျောပါသွားခဲ့ကြောင်း ဒေသခံမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
ခရိုင်အုပ်ချုပ်ရေးမှူးက ရေဘေးသင့်ပြည်သူများအား စားနပ်ရိက္ခာနှင့် တခြားလိုအပ်သည်များ ဝေငှပေးလျက်ရှိပြီး ပြည်နယ်အတွင်း ကယ်ဆယ်ရေးနှင့် ဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မုတ်သုံမိုးများသည် ယင်းပြည်နယ်ရှိ ခရိုင်အသီးသီးတွင် ဇူလိုင် ၇ ရက်အထိ ဆက်လက်ရွာသွန်းနိုင်မည်ဟု ခန့်မှန်းထားကြောင်း PDMA မှ သိရသည်။ (Xinhua)

………………………………….
(English Version)
25 killed in rain-related accidents in Pakistan’s Balochistan
ISLAMABAD, July 7 (Xinhua) — Twenty-five people were killed in separate rain-related accidents in Pakistan’s southwest Balochistan province, the director-general of the provincial disaster management authority (PDMA) has said.

The torrential rains started lashing various districts of the province on Monday and the downpour has continued, resulting in a number of accidents. The provincial capital Quetta declared a calamity-hit area after eight people including kids died in the rain-triggered accidents.

Director-General Naseer Ahmad Nasar said Tuesday that over 200 houses were damaged and about 2,000 animals perished in heavy rains.

He said that the heavy downpour also caused flash-flooding in large water drainage and inundated several low-lying areas.
He added that over 40 people were injured in the rains and the critically wounded people were being treated in various hospitals in the province.

According to local media reports, several people including five coal mine laborers, a shepherd with his cattle, and two kids were swept away by flash floods in the province.

Rescue and relief operation is underway in the province, with the district administration distributing food items and other necessities to rain-affected families.

The monsoon rains are expected to continue till Thursday in various districts of the province, according to the PDMA. ■
Photo taken on July 5, 2022, shows a street flooded by heavy rains in Quetta, Pakistan’s southwest Balochistan province. (Xinhua)
Photo-Houses damaged by heavy rains are seen in Quetta, Pakistan’s southwest Balochistan province, on July 5, 2022. (Xinhua)