Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံသမ္မတ ဖာဒီနန် မားကို့စ်က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့်တွေ့ဆုံဆွေးနွေး

ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဖာဒီနန် မားကို့စ်နှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ ဇူလိုင် ၆ ရက်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

မနီလာ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဖာဒီနန် မားကို့စ်၏ ဖိတ်ကြားချက်အရ ဖိလစ်ပိုင်သို့ ရောက်ရှိနေသော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဇူလိုင် ၆ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဖိလစ်ပိုင်နိုင်ငံသမ္မတ ဖာဒီနန်မားကို့စ်က ပထမဦးစွာ သမ္မတရှီကျင့်ဖိန်အား ရင်းနှီးစွာ နှုတ်ခွန်းဆက်သကြောင်းနှင့် မိမိ၏ကျမ်းသစ္စာကျိန်ဆိုပွဲသို့ သမ္မတ ရှီ ကိုယ်စား ဒုတိယသမ္မတ ဝမ်ချီဆန်း တက်ရောက်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ဖိလစ်ပိုင်၏အကြီးဆုံးကုန်သွယ်ဖက်နှင့် အရေးကြီးဖွံ့ဖြိုးရေးမိတ်ဖက် ဖြစ်ရာ နှစ်ဖက်အကြား ကဏ္ဍအသီးသီးတွင် သိသာထင်ရှားသော ပူးပေါင်းဆောင်ရွက်မှုများ ရှိကြောင်း၊ ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက ဦးစွာပထမ လာရောက်ကူညီခြင်းဖြစ်သလို ကာကွယ်ဆေးနှင့်ကပ်ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများကို ဦးစွာ ပံ့ပိုးပေးခဲ့ခြင်းဖြစ်ရာ ဖိလစ်ပိုင်ရှိ ပြည်သူ့အသက်အိုးအိမ်လုံခြုံရေးအတွက် အထောက်အကူပြုခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ၏ “အကြီးအကျယ်၊ အထူးတည်ဆောက်မှု” များအပေါ် အားကောင်းသောထောက်ပံ့မှု တွန်းအား ဖြစ်ရာ ဖိလစ်ပိုင်အခြေခံအဆောက်အအုံ ကောင်းမွန်အောင်ပြုပြင်တည်ဆောက်မှုများ၌ အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါကြောင်း ၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ၏ နိုင်ငံရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှုစသည့် ကျယ်ပြန့်သောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တွန်အားပေး၍ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ကျယ်ပြန့်နက်ရှိုင်းမှုကို အစဉ်မပြတ် ပြည့်စုံအောင် ဖြည့်ဆည်းသွားလိုကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် ငြိမ်းချမ်း၍လွတ်လပ်သော သံတမန်ဆက်ဆံရေးကို လက်ကိုင်ကျင့်သုံးခြင်းဖြစ်ရာ တရုတ်နိုင်ငံတစ်နိုင်ငံတည်းမူဝါဒကို အစဉ်အမြဲခိုင်မာစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတ ဖာဒီနန် မားကို့စ်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ဖိလစ်ပိုင်၏ အိမ်နီးချင်းနိုင်ငံသာမက မိတ်ဖက်နှင့် မိတ်ဆွေနိုင်ငံလည်း ဖြစ်ရာ နှစ်နိုင်ငံ ချစ်ကြည်ရေးသည် တစ်ဆင့်တိုးတက်အားကောင်းရန်သာ ရှိကြောင်း၊ တောင်တရုတ်ပင်လယ်အရေးသည် ဖိလစ်ပိုင်-တရုတ် ဆက်ဆံရေး၏အဓိကရေစီးကြောင်းမဟုတ်ခြင်းကြောင့် နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှု၏ အကန့်အသတ်နှင့်အတားအဆီး မဖြစ်သင့်ကြောင်း ၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ပွင့်လင်းစွာဖလှယ်သွားပြီး ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းရေးနည်းလမ်းကို ရှာဖွေလိုကြောင်း ၊ ထိုသို့ ဆောင်ရွက်ခြင်းကသာ နှစ်နိုင်ငံဆက်ဆံရေး၏ မှန်ကန်သော နည်းလမ်းဖြစ်ပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုတွင် ရလဒ် ပိုမို ရရှိစေမည် ဖြစ်သလို နှစ်နိုင်ငံပြည်သူများအတွက် ပို၍များပြားသော အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက သမ္မတ ဖာဒီနန် မားကို့စ်ထံသို့ သမ္မတရှီကျင့်ဖိန်၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကား တစ်ဆင့်ပြောကြားခဲ့ရာ နှစ်နိုင်ငံခေါင်းဆောင်သည် နှစ်ဘက်ဆက်ဆံရေး၏ ဦးဆောင်ဦးရွက် မဟာဗျူဟာလမ်းညွှန်မှုအဖြစ် ပံ့ပိုးမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးသည် စမှတ်အသစ်တွင် ရပ်တည်နေခြင်းဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံနှင့်အတူ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သော ဦးတည်ချက်ကို ခိုင်မာစွာဖြင့် အပြန်အလှန်ဖေးမကူညီသည့် အိမ်နီးချင်းကောင်း၊ အပြန်အလှန်နီးကပ်နားလည်သည့် ဆွေမျိုးကောင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖော်ဆောင်ကြသည့် မိတ်ဖက်ကောင်းအနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအရည်အသွေးကို မြှင့်တင်ကာ နှစ်နိုင်ငံဆက်ဆံရေး “ရွှေရောင်ခေတ်သစ်”ကို ဖွင့်လှစ်သွားလိုပါကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံအစိုးရသစ်၏ အဆင်ပြေချောမွေ့စွာ တိုင်းပြည်ရေးရာစီမံအုပ်ချုပ်မှုအား ခိုင်မာစွာထောက်ခံပါကြောင်း၊ အဆွေတော်သမ္မတ၏ တိုင်းပြည်ရေးရာ စီမံခန့်ခွဲမှုအတွေးအခေါ်နှင့်အတူ ဖိလစ်ပိုင်နိုင်ငံနှင့် လယ်ယာ၊ အခြေခံအဆောက်အအုံ၊ စွမ်းအင်၊ လူမှုယဉ်ကျေးမှု အဓိကကဏ္ဍကြီး ၄ ရပ်တွင် ပူးပေါင်းမှုများ ဆောင်ရွက်သွားလိုပြီး ဖိလစ်ပိုင်နိုင်ငံ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ပြီး ဖိလစ်ပိုင်ပြည်သူများ အကျိုးပိုမိုဖြစ်ထွန်းစေရေးကူညီဆောင်ရွက်လိုပါကြောင်း ပြောကြားခဲ့သည်။

တရုတ်-ဖိလစ်ပိုင် ချစ်ကြည်ရင်းနှီးမှုသည် နှစ်ထောင်ပေါင်းများစွာ ရှိပြီဖြစ်ကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။ အဆွေတော်သမ္မတက မည်ကဲ့သို့သော ကွဲလွဲမှုမျိုးမဆို နှစ်နိုင်ငံ၏ သမိုင်းအနက်ရှိသော အရေးကြီးဆက်ဆံရေးကို မသက်ရောက်သင့်ကြောင်း ကြိမ်ဖန်များစွာပြောဆိုခဲ့ရာ ထိုအချက်အပေါ် တရုတ်နိုင်ငံအနေဖြင့် သဘောတူညီပါကြောင်း၊ တရုတ်-ဖိလစ်ပိုင် ပူးပေါင်းဆောင်ရွက်မှုသည် ပင်လယ်ပြင်ကွဲလွဲမှုကို ကျော်လွန်ရာ အသေးစိတ်ကွဲလွဲမှုအနက်ဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ဖွင့်ဆို၍မရသလို အချို့သော အငြင်းပွားမှုက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကို အနှောင့်အယှက်ပြု၍မရကြောင်း ပြောကြားခဲ့သည်။ နှစ်ဘက်အကြား တွေ့ဆုံညှိနှိုင်းမှုများ အားဖြည့်ဆောင်ရွက်ကာ ထိလွယ်ရှလွယ်သော အရေးကိစ္စများကို သင့်လျော်စွာ စီမံဆောင်ရွက်ပြီး အဏ္ဏဝါ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဘက်အကြား ပင်လယ်ပြင်ရေးရာဆွေးနွေးမှု၏ အဓိကအခြေခံဖြစ်သင့်ပါကြောင်း၊ အိမ်နီးချင်းကောင်း၊ ဆွေမျိုးကောင်း၊ မိတ်ဖက်ကောင်းဟူသော “ကောင်းခြင်းသုံးပါးနှင့်ပြည့်စုံသော ဆက်ဆံရေး” ဟူသော နှစ်နိုင်ငံ ပြည်သူများ၏ သဘောတူညီမှုအသစ်ကို တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် ဝမ်ရိက ဖိလစ်ပိုင်နိုင်ငံ ဒုတိယသမ္မတ Sara Duterte-Carpio ၊ ဖိလစ်ပိုင်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး Clarita Carlos ၊ အသစ်တာဝန်ထမ်းဆောင်သော ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Luis Enrique Manalo တို့နှင့်တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ အတူတကွ တက်ရောက်ခဲ့ကြသည်။ (Xinhua)

………………………….
(Chinese Version)
(国际)菲律宾总统马科斯会见王毅
2022-07-06 22:56:39 分类: 政治法律
新华社马尼拉7月6日电当地时间2022年7月6日,菲律宾总统马科斯在马尼拉会见应邀访菲的国务委员兼外长王毅。
马科斯表示,首先请转达对习近平主席的亲切问候,感谢习主席委派王岐山副主席出席我的就职仪式。中国是菲最大贸易伙伴和重要发展伙伴,双方在各领域开展了富有成效的合作。新冠疫情发生后,中方率先驰援,率先提供疫苗和防护物资,助力菲维护人民生命安全,菲方对此衷心感谢。中方有力支持菲推进“大建特建”,为菲改善基础设施发挥重要作用。菲希望持续推进两国政治、经贸、教育、文化等广泛领域合作,不断丰富战略伙伴关系内涵。
马科斯表示,菲律宾奉行和平独立外交理念,始终坚持一个中国政策。中国不仅是菲律宾的邻国,更是伙伴和朋友,两国友好只能也必须进一步加强。南海问题不是菲中关系的主流,不应限制和妨碍双方合作。菲方愿同中方坦诚交流,找到友好解决办法。这才是两国相处的正确方式,才能使双方合作取得更多成果,才能为两国人民带来更多利好。
王毅转达了习近平主席对马科斯总统的亲切问候,期待两国元首将为双边关系把舵导航,提供战略指引。中菲关系正站在新的起点上,中方愿同菲方坚持两国友好合作大方向,共同致力于成为互帮互助的好邻居、相知相近的好亲戚、合作共赢的好伙伴,推动两国合作提质升级,开创两国关系新的“黄金时代”。中国坚定支持菲新政府顺利施政,结合总统先生治国理念,愿同菲方开展大农业、大基建、大能源、大人文四个重点领域合作,助菲加快发展振兴,给菲民众创造更多福祉。
王毅强调,中菲友好延续千年。总统先生多次表示,任何分歧都不应也不会影响两国具有历史性意义的重要关系,中方对此表示赞同。中菲合作远远超越海上分歧,不能让具体分歧定义两国关系,不能让个别争议干扰两国合作。双方应加强对话沟通,妥处敏感问题,使海洋合作成为双方讨论处理海上事务的主基调,让构建好邻居、好亲戚、好伙伴的“三好关系”成为两国人民的新共识。
同日,王毅还会见了菲律宾副总统莎拉、国家安全顾问卡洛斯,同新任外长马纳罗举行会谈并共同出席合作文件签字仪式。(完)