Connect with us

Asia

ဖိလစ်ပိုင်အထွေထွေရွေးကောက်ပွဲအတွက် မဲပေးမှု စတင်

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ မဲရုံအဖြစ် အသုံးပြုထားသော စာသင်ကျောင်းတစ်ခုတွင် မဲပေးနေသည့်ဒေသခံများအား ၂၀၂၂ ခုနှစ် မေ ၉ ရက် နံနက်ပိုင်းတွင် တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ ၊ မေ ၉ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံသားများသည် နောက်လာမည့် သမ္မတ(သစ်) နှင့် အခြားအစိုးရအဖွဲ့ရာထူးနေရာအဆင့်ဆင့်အတွက် လူပေါင်း ၁၈,၀၀၀ ဦး ကို ရွေးချယ်ရန် ယနေ့ မေ ၉ ရက် နံနက်ပိုင်းတွင် စတင်မဲပေးလျက်ရှိကြောင်း သိရသည်။နိုင်ငံတစ်ဝှမ်းရှိ မဲရုံစုစုပေါင်း ၃၇,၂၁၁ ရုံကို ဒေသစံတော်ချိန် နံနက် ၆ နာရီ (ဂရင်းနစ်စံတော်ချိန် ၂၂၀၀ နာရီ)တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မဲပေးခွင့်ရှိသူ ဖိလစ်ပိုင်နိုင်ငံသား ၆၅.၇ သန်းကျော်က လာရောက်မဲထည့်ကြမည်ဖြစ်ကြောင်းနှင့် ည ၇ နာရီတွင် မဲရုံပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ မဲရုံအဖြစ် အသုံးပြုထားသော စာသင်ကျောင်းတစ်ခုတွင် မဲပေးနေသည့်ဒေသခံများအား ၂၀၂၂ ခုနှစ် မေ ၉ ရက် နံနက်ပိုင်းတွင် တွေ့ရစဉ် (ဆင်ဟွာ)

ယနေ့ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် ဖိလစ်ပိုင် သမ္မတရာထူးအပြင် ဒုတိယသမ္မတ ၊ ဆီးနိုတ်လွှတ်တော်အမတ် ၁၂ ဦး ၊ အောက်လွှတ်တော်အမတ် ၃၀၀ ကျော် နှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအရာရှိပေါင်း ၁၇,၀၀၀ ကျော်တို့ကိုလည်း ရွေးချယ်ရန် ပြည်သူများက မဲပေးကြမည်ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ မဲရုံအဖြစ် အသုံးပြုထားသော စာသင်ကျောင်းတစ်ခုတွင် မဲပေးနေသည့်ဒေသခံများအား ၂၀၂၂ ခုနှစ် မေ ၉ ရက် နံနက်ပိုင်းတွင် တွေ့ရစဉ် (ဆင်ဟွာ)

ယခင်ဖိလစ်ပိုင်နိုင်ငံသမ္မတ(ဟောင်း) ဖာဒီနန်မားကို့စ်၏ သားဖြစ်သူ သမ္မတလောင်းအမည်စာရင်းတွင် နိုင်ခြေထိပ်ဆုံး၌ ရပ်တည်နေသော ယခင်ဆီးနိုတ်လွှတ်တော်အမတ်ဟောင်း အသက် ၆၄ နှစ်အရွယ် မားကို့စ်ဂျူနီယာသည် အဓိကလူဇုန်ကျွန်း(Luzon) မြောက်ပိုင်း Ilocos Norte ပြည်နယ် Batac မြို့ရှိ မာရီယာနိုမားကို့စ်အမှတ်တရအလယ်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် မဲရုံသို့ နံနက်အစောပိုင်းတွင် လာရောက် မဲထည့်ခဲ့ကြောင်း သိရသည်။

၎င်း၏ အဓိကပြိုင်ဘက်လည်းဖြစ် ၊ လက်ရှိဒုတိယသမ္မတလည်းဖြစ်သူ အသက် ၅၇ နှစ်အရွယ် မာရီယာလီယိုနာရော်ဘရီဒို (Maria Leonor Robredo) သည် လူဇုန်ကျွန်းတောင်ပိုင်း Bocol ဒေသရှိ သူ(မ) ၏ မွေးရပ်မြေ Naga မြို့တွင် လာရောက်မဲထည့်ခဲ့ကြောင်း သိရသည်။

မားကို့စ် နှင့် ရော်ဘရီဒို တို့နှစ်ဦးနောက်တွင် ယခင်လက်ဝှေ့အကျော်အမော် အီမန်နျူရယ်ပက်ကွီအို (၄၃ နှစ်) ၊ မနီလာမြို့တော်ဝန် နှင့် ယခင်ရုပ်ရှင်သရုပ်ဆောင်(ဟောင်း) ဒိုမာဂိုဆို (၄၇ နှစ်) နှင့် ယခင် ဖိလစ်ပိုင်ရဲတပ်ဖွဲ့အကြီးအကဲမှ ဆီးနိုတ်လွှတ်တော်အမတ်ဖြစ်လာသူ လက်စ်ဆန် ( ၇၃ နှစ် ) တို့နှင့်အတူ သမ္မတလောင်း ၈ ဦးတို့က နိုင်ခြေအဆင့်တွင် အစဉ်လိုက် ရပ်တည်လျက်ရှိကြောင်း သိရသည်။

လက်ရှိဖိလစ်ပိုင်သမ္မတဒူတာတေး၏ သမီးဖြစ်သူ အသက် ၄၃ နှစ်အရွယ်ရှိ ဒါဗို့စ်မြို့တော်ဝန် ဆာရာဒူတာတေးကာပီယိုသည် ဒုတိယသမ္မတလောင်းယှဉ်ပြိုင်မှုတွင် ထိပ်ဆုံးမှ ရေပန်းစားနေသည်။ မားကိုစ့်နှင့်ရွေးကောက်ပွဲ မဟာမိတ်လက်တွဲဖော်ဖြစ်သူ ကာပီယို နောက်တွင် ဒုတိယသမ္မတလောင်းများအဖြစ် ဆီးနိုတ်လွှတ်တော်အမတ် Vicente Sotto ( ၇၃ နှစ် ) နှင့် Francis Pangilinan ( ၅၈ နှစ်) တို့က အသီးသီးရပ်တည်လျက်ရှိကြောင်း သိရသည်။

ဖိလစ်ပိုင်ရွေးကောက်ပွဲကော်မရှင် ယာယီပြောရေးဆိုခွင့်ရှိသူ John Rex Laudiangco က ရွေးကောက်ပွဲမစတင်မီပြောကြားရာ၌ “ စနစ်များအားလုံး အဆင်ပြေချောမွေ့စွာလည်ပတ်လျက်ရှိ” ကြောင်း နှင့် တနင်္ဂနွေနေ့ညပိုင်းက မွတ်စလင်အများစုနေထိုင်ရာ မင်ဒါနာအိုပြည်နယ် Bangsamoro ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့လင့်ကစား မဲရုံများကို နံနက် ၆ နာရီတွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။

အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း နှင့် ယင်းဒေသသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုးမြှင့်စေလွှတ်ထားပြီးဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံရွေးကောက်ပွဲကော်မရှင်၏ ကော်မရှင်နာမင်းကြီး George Garcia က သမ္မတ နှင့် ဒုတိယသမ္မတ အတွက် ရွေးကောက်ပွဲရလဒ် ထုတ်ပြန်ကြေညာခြင်းကို ရက်စွဲအတိအကျ ထုတ်ဖော်ပြောကြားထားခြင်းမရှိကြောင်း ၊ ကွန်ဂရက်အစည်းအဝေးမတိုင်မီ အမြင့်ဆုံးရာထူးနေရာများအတွက် တစ်စိတ်တစ်ပိုင်း နှင့် တရားဝင်မဟုတ်သေးသော ရလဒ်များကို ထုတ်ပြန်ပေးလိမ့်မည်ဖြစ်ကြောင်း ဆိုသည်။

“ အမြဲလိုလိုပါပဲ ၊ ကွန်ဂရက်အစည်းအဝေးမစတင်ခင် တစ်စိတ်တစ်ပိုင်းနဲ့ တရားဝင်မဟုတ်သေးတဲ့ ရလဒ်တွေကို ထုတ်ပြန်ပေးပါတယ်၊ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေရဲ့လက်နဲ့ ပေးထားတဲ့ မဲရလဒ်တွေကို ပွင့်လင်းမြင်သာအောင် ထုတ်ပြန်ပေးရတာပါ” ဟု Garcia ကဆိုသည်။

သို့သော်လည်းပဲ သမ္မတရွေးကောက်ပွဲအနိုင်ရရှိသူအနေဖြင့် နိုင်ငံအတွင်းဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု ၊ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေသည့် ဆင်းရဲနွမ်းပါးမှု ၊ ကြွေးနွံနစ်မှု ၊ အလုပ်လက်မဲ့နှုန်းမြင့်တက်မှု နှင့် ဆယ်စုနှစ်များစွာ လက်နက်စွဲကိုင်ပုန်ကန်မှုများအပါအဝင် ဖိလစ်ပိုင်ပြည်သူ သန်းပေါင်း ၁၁၀ ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာများနှင့်အတူ ရုန်းကန်ရမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲကာလအတွင်းတရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန်အတွက် အစိုးရက စစ်သား ၄၅,၀၀၀ နှင့် ရဲတပ်ဖွဲ့ဝင် ၆၀,၀၀၀ ကို လုံခြုံရေးချထားကြောင်း သိရသည်။ ထို့ပြင် အချို့ဒေသများတွင် အကြမ်းဖက်ပဋိပက္ခများပေါ်ပေါက်လာပါက ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရဲတပ်ဖွဲ့ ၁၂,၀၀၀ ကိုလည်း အသင့်အနေအထား ဖြည့်စွက် တပ်ချထားကြောင်းလည်းသိရသည်။

လွန်ခဲ့သော ရက်သတ္တပတ်တွင် ဖိလစ်ပိုင်နိုင်ငံရဲတပ်ဖွဲ့ ယာယီအကြီးအကဲ ရဲဗိုလ်ချုပ်ကြီး Vicente Danao က ရွေးကောက်ပွဲမတည်မငြိမ်ဖြစ်စေရန် ဆူပူလုပ်ဆောင်သည့် အဖွဲ့အစည်းများအား ” ဥပဒေကြောင်းအရ အပြည့်အဝ” အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဖိလစ်ပိုင်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Jean Fajardo က ရွေးကောက်ပွဲမဲဆွယ်မှုစတင်ချိန် ဇန်နဝါရီလမှစတင်ကာ ရွေးကောက်ပွဲနှင့်ဆက်စပ်၍ ခြိမ်းခြောက်မှုများ ၊ အသက်အန္တရာယ်ပြုမှုများ နှင့် ခန္ဓာကိုယ်ထိခိုက်နာကျင်စေမှုများ အပါအဝင် အမှုအခင်းတိုင်ကြားမှုပေါင်း ၅၃ မှု လက်ခံရရှိခဲ့ကြောင်း ဆိုသည်။
ရွေးကောက်ပွဲအကြမ်းဖက်မှုကို ဦးတည်ဖြစ်ပေါ်စေနိုင်သော လက်နက်ကိုင်အုပ်စုများ နှင့် နိုင်ငံရေးယှဉ်ပြိုင်မှု အင်အားပြင်းထန်သည့် မြူနီစပယ် ဒေသ ၁၀၄ ခုနှင့် မြို့ပေါင်း ၁၄ မြို့ကို အန္တရာယ်ဆုံမှတ်နေရာ” hot spots ” အဖြစ် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)

————————–
(English Version)

Voting begins in Philippine elections

MANILA, May 9 (Xinhua) — Filipinos began voting Monday morning to elect their next president and some 18,000 other officials of all levels of government.
A total of 37,211 polling centers across the country opened at 6 a.m. local time (2200 GMT Sunday) for the 65.7 million eligible voters and will close at 7 p.m. local time (1100 GMT).
Also to be elected are the vice president, 12 senators, more than 300 members of the House of Representatives, and over 17,000 local officials.
Presidential candidate frontrunner and former Senator Ferdinand Marcos Jr., 64, who is the son of former President Ferdinand Marcos, cast his vote in the morning at the Mariano Marcos Memorial Elementary School in Batac City, Ilocos Norte province, north of main Luzon island.
His main rival and incumbent Vice President Maria Leonor Robredo, 57, will cast the ballot in her hometown of Naga City of Bocol region, south of Luzon island.
Eight other candidates trail behind Marcos and Robredo, including boxing icon-turned-senator Emmanuel Pacquiao, 43; Manila City Mayor and former actor Francisco Domagoso, 47; and former-national-police-chief-turned senator Panfilo Lacson, 73.

Davao City Mayor Sara Duterte-Carpio, 43, the daughter of outgoing President Rodrigo Duterte, leads the vice-presidential race. Senators Vicente Sotto, 73, and Francis Pangilinan, 58, trail Carpio who teamed up with Marcos.
John Rex Laudiangco, acting spokesperson of the Commission on Elections, said before the start of the election that it’s “all systems go” and the election would open at 6 a.m. amid reports of two explosions in Bangsamoro Autonomous Region in Muslim Mindanao on Sunday night.
He said the situation is under control. More security forces were sent to the area.
The Commission on Election commissioner George Garcia did not cite a definite date for the proclamation of president and vice president, saying partial and unofficial results for the highest posts will be released before the Congress convenes.
“Usually, before the Congress convenes, partial-unofficial results are being released because there are transparency servers who pass voting results to citizen arms,” Garcia said.
Whoever wins the presidential election will have to struggle with problems confronting the country of 110 million people, including the lingering COVID-19 pandemic, widespread poverty, ballooning debt, increasing unemployment, and decades-long insurgencies.

The government has put 45,000 soldiers and 60,000 police officers in charge of maintaining order during the elections. An additional 12,000 police force is on stand-by if violence breaks out in some areas.
Over the weekend, Philippine National Police acting chief General Vicente Danao warned that the police would use the “full force of the law” on groups that plan to destabilize the election.
National police spokesperson Colonel Jean Fajardo said the police has recorded 53 cases of election-related incidents, such as grave threats, life threats, and physical injuries, since the start of the election period in January.
The Commission on Election has tagged 104 municipalities and 14 cities as “hot spots” due to armed groups and intense political rivalry, which could trigger election violence.
Photo (1,2,3) A resident casts his vote at a school-turned polling center in Manila, the Philippines, May 9, 2022. (Photo by Rouelle Umali/Xinhua)