Connect with us

Economy

တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပထမလေးလအတွင်း ၇ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် နန်ကျင်းမြို့ရှိ နန်ကျင်းဆိပ်ကမ်း၏ Longtan ကွန်တိန်နာဂိတ်အား မေ ၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပို့ကုန် နှင့် သွင်းကုန် စုစုပေါင်းသည် ၂၀၂၂ ခုနှစ် ပထမလေးလအတွင်း ယွမ် ၁၂ ဒသမ ၅၈ ထရီလီယံအထိ နှစ်အလိုက် ၇ ဒသမ ၉ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း မေ ၉ ရက် တရားဝင်အချက်အလက်များတွင် ဖော်ပြထားသည်။အမေရိကန်ဒေါ်လာအနေဖြင့် စုစုပေါင်း ပြည်ပကုန်သွယ်မှုမှာ လေးလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၈ ထရီလီယံ ရှိပြီး နှစ်အလိုက် ၁၀ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အကောက်ခွန်ရုံးအထွေထွေအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလမှ ဧပြီလအထိကာလအထိ ပို့ကုန်ကဏ္ဍတွင် ယွမ် ၆ ဒသမ ၉၇ ထရီလီယံအထိ နှစ်အလိုက် ၁၀ ဒသမ ၃ ရာခိုင်နှုန်း တိုးပွားလာပြီး သွင်းကုန်ကဏ္ဍတွင် ယွမ် ၅ ဒသမ ၆၁ ထရီလီယံအထိ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ၊ ကုန်သွယ်မှုပိုငွေ ယွမ် ၁ ဒသမ ၃၆ ထရီလီယံအထိ ဖြစ်ပေါ်ခဲ့ကြောင်း အချက်အလက်များတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံ၏ ကုန်သွယ်မှုအတွက် ထိပ်တန်းကုန်သွယ်ဖက်သုံးခုဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ၊ ဥရောပသမဂ္ဂ နှင့် အမေရိကန်နိုင်ငံတို့နှင့် တိုးတက်မှုအရှိန်အဟုန်အား ထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလမှ ဧပြီလအထိကာလအတွင်း အာဆီယံ ၊ ဥရောပသမဂ္ဂ နှင့် အမေရိကန်နိုင်ငံတို့နှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏ တိုးတက်မှုနှုန်းသည် ၇ ဒသမ ၂ ရာခိုင်နှုန်း ၊ ၆ ဒသမ ၈ ရာခိုင်နှုန်း နှင့် ၈ ဒသမ ၇ ရာခိုင်နှုန်း အသီးသီး ရှိကြောင်း အကောက်ခွန်ရုံးအချက်အလက်များတွင် ဖော်ပြထားသည်။

ပုဂ္ဂလိကလုပ်ငန်းများသည် ပထမလေးလတာအတွင်း ပို့ကုန် ၊ သွင်းကုန်ကဏ္ဍတွင် ယွမ် ၆ ဒသမ ၁ ထရီလီယံအထိ ၁၁ ရာခိုင်နှုန်း တိုးတက်ပြီး နိုင်ငံ ပို့ကုန်သွင်းကုန်စုစုပေါင်း၏ ၄၈ ဒသမ ၅ ရာခိုင်နှုန်း ရှိသောကြောင့် လျှင်မြန်သောတိုးတက်မှုနှုန်းအား တွေ့မြင်ရသည်ဟု ဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ နှင့် နိုင်ငံပိုင်လုပ်ငန်းများ၏ ပို့ကုန် နှင့် သွင်းကုန်သည် လေးလအတွင်း ၂ ဒသမ ၂ ရာခိုင်နှုန်း နှင့် ၁၄ ဒသမ ၁ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း သိရသည်။

စက်ပစ္စည်း နှင့် လျှပ်စစ်ဆိုင်ရာထုတ်ကုန်များ၏ တင်ပို့မှုများမှာ ပထမလေးလအတွင်း စုစုပေါင်း၏ ၅၇ ဒသမ ၉ ရာခိုင်နှုန်း အထိ ရှိလာပြီး ၆ ဒသမ ၇ ရာခိုင်နှုန်း တိုးလာကာ လုပ်သားအခြေပြုထုတ်ကုန်များ တင်ပို့မှုများမှာ ၉ ဒသမ ၂ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း အကောက်ခွန်ရုံးအထွေထွေအုပ်ချုပ်ရေးအဖွဲ့၏ အချက်အလက်များတွင် ဖော်ပြထားသည်။

ဧပြီလ တစ်လတည်းအနေဖြင့် ပို့ကုန်သည် နှစ်အလိုက် ၁ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ပြီး သွင်းကုန်မှာ ပြီးခဲ့သောနှစ်ကထက် ၂ ရာခိုင်နှုန်း လျော့ကျမှုနှင့်အတူ တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏသည် ယွမ် ၃ ဒသမ ၁၆ ထရီလီယံအထိ နှစ်အလိုက် ၀ ဒသမ ၁ ရာခိုင်နှုန်း ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)

—————————
(English Version)
2nd LD: China’s foreign trade up 7.9 percent in first four months
BEIJING, May 9 (Xinhua) — China’s total imports and exports expanded 7.9 percent year on year to 12.58 trillion yuan in the first four months of 2022, official data showed Monday.
In U.S. dollar terms, total foreign trade came in at 1.98 trillion U.S. dollars in the period, up 10.1 percent year on year, according to the General Administration of Customs.
Exports grew 10.3 percent year on year to 6.97 trillion yuan, while imports rose 5 percent to 5.61 trillion yuan in the January-April period, leading to a trade surplus of 1.36 trillion yuan, the data showed.
China’s trade with its top three trading partners — the Association of Southeast Asian Nations, the European Union and the United States — maintained growth momentum.
During the period, the growth rates of China’s trade value with these three trading partners stood at 7.2 percent, 6.8 percent and 8.7 percent, respectively, customs data showed.
Private enterprises saw a fast growth rate as imports and exports increased by 11 percent to 6.1 trillion yuan in the first four months, accounting for 48.5 percent of the country’s total.
The imports and exports of foreign-invested firms and that of state-owned enterprises rose 2.2 percent and 14.1 percent, respectively, in the period.
Exports of mechanical and electrical products expanded by 6.7 percent to account for 57.9 percent of the total, while exports of labor-intensive products increased 9.2 percent in the first four months, GAC data showed.
In April alone, the country’s foreign trade volume edged up 0.1 percent year on year to 3.16 trillion yuan, with the exports up 1.9 percent year on year while imports dropping by 2 percent from a year ago. Enditem
Photo – Aerial photo taken on May 6, 2022 shows a view of the Longtan Container Terminal of Nanjing Port in Nanjing, Jiangsu Province. (Xinhua/Li Bo)