Connect with us

Asia

ရုရှားနှင့် ကာဂျစ်စတန် လေကြောင်းရန်ကာကွယ်ရေးစနစ် ပူးတွဲတည်ထောင်မည်

ရုရှားနိုင်ငံ မော်စကိုမြို့တွင် မိန့်ခွန်းပြောကြားနေသော သမ္မတ ဗလာတီမာ ပူတင်ကို ၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘစ်ရှ်ကက်ရှ်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

ကာဂျစ်စတန်နိုင်ငံ သမ္မတ Sadyr Japarov သည် တရားဝင်ခရီးစဉ်အဖြစ်ရောက်ရှိနေသော ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်နှင့် အောက်တိုဘာ ၁၂ ရက်က ဘစ်ရှ်ကက်ရှ်မြို့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

သမ္မတနှစ်ဦးတို့သည် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန် ဆွေးနွေးခဲ့ကြောင်းနှင့် ဒေသတွင်း ပူးတွဲ လေကြောင်းရန်ကာကွယ်ရေးစနစ် တည်ထောင်ရေးအတွက် ဥပဒေ အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ သဘောတူညီချက်သည် နှစ်နိုင်ငံလုံး၏ ပိုမိုယုံကြည်စိတ်ချရသော လေပိုင်နက်ကာကွယ်မှု ရှိစေမည် ဖြစ်သလို လုံခြုံရေးအဆင့်မြှင့်တင်မှုနှင့် အမျိုးသားအကျိုးစီးပွား ကာကွယ်မှုရှိစေမည်ဖြစ်ကြောင်း သမ္မတရုံး ပြန်ကြားရေးဌာနအရ သိရသည်။

ပူးတွဲ လေကြောင်းရန်ကာကွယ်ရေးစနစ် တည်ထောင်ရေးအတွက် Kant လေတပ်အခြေစိုက်စခန်းအနီး ၅ ဟက်တာကျယ်ဝန်းသော မြေနေရာကို ကာဂျစ်စတန်နိုင်ငံက ပေးအပ်မည်ဖြစ်သည်။ ကာဇက်စတန်နိုင်ငံက Kant လေတပ်အခြေစိုက်စခန်းသည် ဘစ်ရှ်ကက်ရှ်အနီးတွင် တည်ရှိပြီး ရုရှားနှင့် ကာဂျစ်စတန်ကြား ၂၀၀၃ ခုနှစ် အောက်တိုဘာလက နှစ်နိုင်ငံ သဘောတူညီမှုအရ စစ်ဆင်ရေးဆိုင်ရာနေရာဖြစ်လာခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံစဉ် ကုန်သွယ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူသားချင်းစာနာထောက်ထားမှုနယ်ပယ်များ၊ စွမ်းအင်၊ လယ်ယာစိုက်ပျိုးရေး၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့် အစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု စသည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားပြောကြားခဲ့သည်။
ယခုနှစ်သည် Kant လေတပ်အခြေစိုက်စခန်း တည်ဆောက်မှု နှစ် ၂၀ ပြည့်မြောက်သောနှစ်ဖြစ်သလို ကာဂျစ်-ရုရှား Slavic တက္ကသိုလ် ဖွင့်လှစ်မှု နှစ် ၃၀ ပြည့်မြောက်သော အခါသမယလည်း ဖြစ်ကြောင်း၊ ယင်းနေရာနှစ်ခုလုံးမှာ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု၏ ပြယုဂ်များ ဖြစ်ကြောင်း Japarov က ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Russia, Kyrgyzstan to set up joint air defense system
BISHKEK, Oct. 12 (Xinhua) — Kyrgyz President Sadyr Japarov held talks with his Russian counterpart Vladimir Putin Thursday in Bishkek during Putin’s official visit to the Central Asian country.
Further strengthening military cooperation was discussed by the two sides and a law ratifying the agreement on the creation of a Joint Regional Air Defense System was signed.
According to the president’s press service, the agreement will ensure more reliable protection of the airspace of both countries, enhance security and protect national interests.
A five-hectare plot of land near Kant Air Base will be provided by Kyrgyzstan for the creation of the joint air defense system, it said. Kant Air Base is located near Bishkek and became operational in accordance with a bilateral agreement between Russia and Kyrgyzstan in October 2003.
Earlier in the day, the two leaders during the meeting highlighted the cooperation in the trade, economic, cultural and humanitarian spheres, as well as in the fields of energy, agriculture, interregional cooperation and the development of green economy.
Noting that this year marks the 20th anniversary of the Kant Air Base and the 30th anniversary of Kyrgyz-Russian Slavic University, Japarov emphasized that they are symbols of friendship between the two countries.
Photo: This image captured from a video shows Russian President Vladimir Putin delivering a national address in Moscow, Russia, June 26, 2023. (Xinhua)