Connect with us

Asia

ထိုင်းနိုင်ငံရှိ ဈေးဝယ်စင်တာတွင် ကြောက်မက်ဖွယ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ခရီးသွားဧည့်သည်များ၏ ဘေးကင်းမှု သေချာစေရန်နှင့် ယုံကြည်မှု ပြန်လည်ရရှိရန် ရည်ရွယ်ဆောင်ရွက်

ဘန်ကောက်မြို့ Siam Paragon ဈေးဝယ်စင်တာတွင် မီဒီယာများနှင့် စကားပြောနေသော ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဆေထာ ထဝီဆင်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ မြို့လယ်ရှိ နာမည်ကျော်ဈေးဝယ်စင်တာတစ်ခုတွင် လူ ၂ ဦးသေဆုံးပြီး အခြားသူ ၅ ဦး ဒဏ်ရာရရှိခဲ့သည့် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ခရီးသွားဧည့်သည်များအကြား ဘေးကင်းမှုသေချာစေရန်နှင့် ယုံကြည်မှုပြန်လည်ရရှိရန် အစီအစဉ်များဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၄ ရက်၌ ပြောကြားခဲ့သည်။

ထိုင်းအစိုးရအနေဖြင့် ယင်းကိစ္စအပေါ် အထူးအလေးထားကြောင်းနှင့် အလားတူဖြစ်ရပ်များ ဖြစ်ပွားခြင်းမှ ကာကွယ်ရန် ဆောင်ရွက်မှုများ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဆေထာ ထဝီဆင်က ဈေးဝယ်စင်တာ၌ တစ်မိနစ်ကြာငြိမ်သက်မှုတွင် ပါဝင်ခဲ့သလို သေဆုံးခဲ့သူများအတွက်လည်း ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။
အစိုးရအနေဖြင့် အရေးပေါ်အခြေအနေများနှင့် ပတ်သက်၍ ပြည်သူများကို အကြောင်းကြားနိုင်ရန် သတိပေးစနစ် အကောင်အထည်ဖော်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

အစိုးရအေဂျင်စီများကလည်း ခရီးသွားဧည့်သည်များအကြား ယုံကြည်မှုပြန်လည်ရရှိရေးအတွက် ပိုမိုကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ဟု ခရီးသွားလာရေးနှင့် အားကစားဝန်ကြီး Sudawan Wangsuphakijkosol က ပြောကြားခဲ့သည်။

ကနဦးစုံစမ်းစစ်ဆေးမှုများအရ သံသယရှိသူ သေနတ်သမားကို လူသတ်ရန်ကြိုတင်ကြံစည်မှု၊ လူသတ်ရန် ကြိုးပမ်းအားထုတ်မှု၊ သေနတ်နှင့် လက်နက်ခဲယမ်း တရားမဝင်ကိုင်ဆောင်မှု၊ လက်နက် တရားမဝင်သယ်ဆောင်မှုနှင့် အများပြည်သူဆိုင်ရာနေရာ၌ သေနတ်ပစ်ခတ်မှု စသည့် ပြစ်မှု ၅ ခုဖြင့် တရားစွဲဆိုထားကြောင်း ဘန်ကောက်မြို့တော် အမှတ် ၆ ရဲတပ်ဌာန ရဲအရာရှိကြီး Nakharin Sukhonthawit က သတင်းထောက်များကို ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Thailand aims to ensure safety, restore tourists confidence after deadly mall shooting
BANGKOK, Oct. 5 (Xinhua) — Thailand will take steps to ensure safety and restore confidence among tourists, officials said on Wednesday, one day after a shooting at a renowned shopping mall in downtown Bangkok that killed two people and injured five others.
The Thai government has attached great importance to this matter and will implement measures to prevent the recurrence of similar incidents, Prime Minister Srettha Thavisin said after joining a one-minute silence at the mall and expressing condolences to the deceased.
He added that the government will be working on the implementation of an alert system to notify the public about emergency situations.
At a press conference, Tourism and Sports Minister Sudawan Wangsuphakijkosol said that government agencies would work harder to restore confidence among tourists.
Investigators initially pressed five charges against the suspected gunman, including premeditated murder, attempted murder, illegal possession of a firearm and ammunition, illegally carrying a weapon, and firing shots in a public place, Nakharin Sukhonthawit, commander of Metropolitan Police Division 6, told reporters.
Photo: This photo taken on Oct. 4, 2023 with a mobile phone shows Thailand’s Prime Minister Srettha Thavisin speaking to the media at the Siam Paragon Mall in Bangkok, Thailand.(Xinhua/Lin Hao)