Connect with us

Europe

ဘရာဇီးနိုင်ငံ၌ ၂၀၂၃ ခုနှစ်အတွင်း ငွေကြေးဈေးကွက်မှာ ငွေကြေးဖောင်းပွမှု ၅.၄၈ ရာခိုင်နှုန်းမြင့်တက်မည်ဟု ခန့်မှန်း

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့ရှိ ဈေးဝယ်စင်တာတစ်ခု၌ ကုန်ပစ္စည်းများဝယ်ယူနေသူတစ်ဦးကို ၂၀၂၀ ပြည့်နှစ် မတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ၏ ငွေကြေးဈေးကွက်သည် ယခုနှစ်နှင့် လာမည့်နှစ်အတွက် ငွေကြေးဖောင်းပွမှု ခန့်မှန်းချက်များကို ၂၀၂၃ ခုနှစ်တွင် ၅.၃၉ ရာခိုင်နှုန်းမှ ၅.၄၈ ရာခိုင်နှုန်းအထိလည်းကောင်း၊ ၂၀၂၄ ခုနှစ်တွင်မူ ၃.၇ ရာခိုင်နှုန်းမှ ၃.၈၄ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးမြှင့်တင်ခဲ့ကြောင်း ဘရာဇီး ဗဟိုဘဏ်က ဇန်နဝါရီ ၂၃ ရက်က ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ်အတွက် သတ်မှတ်ထားသော ငွေကြေးဖောင်းပွမှုမှာ ၃.၂၅ ရာခိုင်နှုန်း၌ ထားရှိပြီး ၂၀၂၄ ခုနှစ်အတွက်မူ ၃ ရာခိုင်နှုန်း၌ ချမှတ်ထားကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Brazil’s financial market raises 2023 inflation forecast to 5.48 pct
Brazil’s financial market raised its inflation forecast for both this year and the next, from 5.39 percent to 5.48 percent in 2023 and from 3.7 percent to 3.84 percent in 2024, the Central Bank of Brazil said Monday. Target inflation for 2023 has been set at 3.25 percent and at 3 percent for 2024, with a 1.5 percentage point margin of tolerance in both cases. xhtxs.cn/DZ6
Photo 1: A customer buys goods at a supermarket in Sao Paulo, Brazil, March 18, 2020. (Photo by Rahel Patrasso/Xinhua)