Connect with us

Politics, Law & Military

တရုတ်ထိပ်တန်းသံတမန်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး ညွန်ကြားရေးမှူးဖြစ်သူ ဝမ်ရိနှင့် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai တို့ တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး ညွန်ကြားရေးမှူး ဝမ်ရိသည် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နှင့် ဖေဖော်ဝါရီ ၁၃ ရက် က ပေကျင်းမြို့၌ တွေ့ဆုံခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ဝမ်ရိက တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် မိသားစုတစ်ခုတည်းကဲ့သို့ နီးကပ်မှုရှိသည်ဟု မှတ်ချက်ပြုခဲ့ကြောင်း၊ ယမန်နှစ်က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ထိုင်းနိုင်ငံအလည်အပတ်ခရီးစဉ် အောင်အောင်မြင်မြင်သွားရောက်ခဲ့ကြောင်း၊ တည်ငြိမ်မှု ၊ ကြွယ်ဝချမ်းသာမှုနှင့် စဉ်ဆက်မပြတ်ရှိမှု မြှင့်တင်ရေးအတွက် အေးအတူပူအမျှ တရုတ်-ထိုင်း အသိုက်အဝန်း တည်ဆောက်ရေးတွင် ထိုင်းနိုင်ငံနှင့်အတူ အရေးပါသော သဘောတူညီချက်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

သမ္မတ ရှီ၏ ခရီးစဉ်၌ ရရှိထားသော အကျိုးရလဒ်များအကောင်အထည်ဖော်ရေးအတွက် ထိုင်းနိုင်ငံနှင့် အတူတကွ ဆောင်ရွက်ရန်၊ နှစ်နိုင်ငံ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို စောင့်ထိန်းရန်နှင့် ဒေသတွင်း တည်ငြိမ်၊ အေးချမ်းရေးကို ထိန်းသိမ်းရန် တရုတ်နိုင်ငံဘက်မှ အသင့်ရှိကြောင်း ဝမ်က ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/EDM

………………………………………………
Senior Chinese diplomat meets Thai FM
Wang Yi, director of the Office of the Foreign Affairs Commission of the Communist Party of China (CPC) Central Committee, met on Monday with Thai Deputy Prime Minister and Foreign Minister Don Pramudwinai in Beijing.
Noting that China and Thailand are close as one family, Wang, a member of the Political Bureau of the CPC Central Committee, said Chinese President Xi Jinping paid a successful visit to Thailand last year and reached important consensus with the Thai side on building a China-Thailand community with a shared future for enhanced stability, prosperity and sustainability.
The Chinese side stands ready to work with Thailand to implement the outcomes of President Xi’s visit, safeguard the legitimate rights and interests of the two countries and safeguard regional peace and stability, Wang added. xhtxs.cn/EDM
Photo: Wang Yi, a member of the Political Bureau of the Communist Party of China (CPC) Central Committee and director of the Office of the Foreign Affairs Commission of the CPC Central Committee, meets with Thai Deputy Prime Minister and Foreign Minister Don Pramudwinai in Beijing, capital of China, Feb. 13, 2023. (Xinhua/Yue Yuewei)