Connect with us

Politics, Law & Military

တရုတ်နိုင်ငံက နှစ်ပတ်လည် “အစည်းအဝေးကြီးနှစ်ခု” ၌ သတင်းရယူရန် သတင်းထောက်များ ဖိတ်ကြား

တရုတ်နိုင်ငံ၏ အမျိုးသားဥပဒေပြုလွှတ်တော်ဖြစ်သော အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) နှင့် အမျိုးသားနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ဖြစ်သည့် တရုတ် ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုညီလာခံ (CPPCC) အမျိုးသားကော်မတီတို့က မတ်လတွင် ကျင်းပမည့် နှစ်ပတ်လည်အစည်းအဝေးများ၌ သတင်းရယူရန် ပြည်တွင်း၊ ပြည်ပမှ သတင်းထောက်များကို ဖိတ်ကြားထားကြောင်း ဖေဖော်ဝါရီ ၁၆ ရက် တရားဝင်သတင်းထုတ်ပြန်ချက်အရ သိရသည်။ ၁၄ ကြိမ်မြောက် NPC ၏ ပထမဆုံးအစည်းအဝေးကို မတ် ၅ ရက်တွင် ဖွင့်လှစ်ရန် လျာထားပြီး ၁၄ ကြိမ်မြောက် CPPCC အမျိုးသားကော်မတီ၏ ပထမဆုံးအစည်းအဝေးကို မတ် ၄ ရက်၌ စတင်ရန်စီစဉ်ထားကြောင်း သိရသည်။ (Xinhua) xhtxs.cn/EJy

………………………………
China invites journalists to cover annual “two sessions”
China’s National People’s Congress (NPC), the national legislature, and the National Committee of the Chinese People’s Political Consultative Conference (CPPCC), the country’s national political advisory body, are inviting reporters from home and abroad to cover their annual sessions to be held in March, according to an official statement released on Thursday.
The first session of the 14th NPC is scheduled to open on March 5, and the first session of the 14th CPPCC National Committee is set to begin on March 4. xhtxs.cn/EJy