Connect with us

China

တရုတ်နိုင်ငံ၏ မြို့ပြလေကြောင်းလိုင်း သယ်ယူပို့ဆောင်မှုက ဇန်နဝါရီလအတွင်း ပြန်လည်အားကောင်းလာ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ တာ့ရှင်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံတက်သွားသော China Southern Airlines လေကြောင်းလိုင်း၏ ခရီးစဉ်အမှတ် CZ3001 လေယာဉ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ဗိုင်းရပ်စ်တိုက်ဖျက်ရေးတုံ့ပြန်မှုကို ချိန်ညှိဆောင်ရွက်ခဲ့ပြီး နွေဦးပွဲတော်ခရီးသွားကာလအတွင်း ဈေးကွက်တောင်းဆိုမှုပြန်လည်မြင့်တက်လာသဖြင့် တရုတ်နိုင်ငံ၏ မြို့ပြလေကြောင်း သယ်ယူပို့ဆောင်မှုမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း တည်ငြိမ်စွာ ပြန်လည်တိုးတက်လာခဲ့ကြောင်း သိရသည်။ယင်းကဏ္ဍ၏ စုစုပေါင်း သယ်ယူပို့ဆောင်မှုပမာဏမှာ ၇.၃၉ ဘီလီယံ တန်-ကီလိုမီတာရှိခဲ့ပြီး ယမန်နှစ်ကထက် ၁၃.၉ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း တရုတ်နိုင်ငံ မြို့ပြလေကြောင်းစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူ Wu Shijie က ဖေဖော်ဝါရီ ၁၆ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ယခင်လက လေကြောင်းခရီးသည်များ၏ ခရီးသွားလာမှုပေါင်း ၃၉.၇၇ သန်းကျော်ရှိခဲ့ပြီး ယမန်နှစ်ကထက် ၃၄.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China’s civil aviation transport sees strong recovery in January
China’s civil aviation transport logged a steady rebound in January 2023, as the country optimized its anti-virus response and demand picked up during the Spring Festival travel rush.
Total transport turnover of the sector stood at 7.39 billion tonne-kilometers, up 13.9 percent year on year, Wu Shijie, an official with the Civil Aviation Administration of China, told a press conference on Thursday.
More than 39.77 million air passenger trips were handled last month, surging 34.8 percent year on year. xhtxs.cn/EJQ
Photo 2: China Southern Airlines flight CZ3001 takes off at the Daxing International Airport in Beijing, capital of China, Sept. 25, 2019. (Xinhua/Ju Huanzong)