Connect with us

Economy

တရုတ်နိုင်ငံက B&R နိုင်ငံများမှ လယ်ယာသုံးစက်ကိရိယာများ တင်သွင်းလျက်ရှိ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် ယန်ကျိုးမြို့ရှိ လယ်ကွင်းများ၌ အလုပ်လုပ်ကိုင်နေသော လယ်သမားများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆိပ်ကမ်းများက နွေဦးရာသီလယ်ယာလုပ်ငန်း အပြည့်အဝလည်ပတ်ရေးအတွက် ပြင်ဆင်မှုများအနေဖြင့် ထုတ်လုပ်မှုနှင့် ရောင်းချမှု တည်ငြိမ်စေရန် လယ်ယာလုပ်ငန်း ပံ့ပိုးပစ္စည်းများ တင်သွင်းမှုပမာဏအမြောက်အမြားကို ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရှင်းကျန်းရှိ အဓိကဆိပ်ကမ်းနှစ်ခုဖြစ်သော Alataw Pass နှင့် Horgos ဆိပ်ကမ်းတွင် ဇန်နဝါရီလအတွင်း ဓာတုဓာတ်မြေဩဇာ ၆၆,၀၀၀ တန်နှင့် ပိုတက်ရှ်ဓာတ်မြေဩဇာ ၈၉,၀၀၀ တန် အသီးသီးတင်သွင်းခဲ့သည်။ ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံများမှ အဓိကထုတ်လုပ်သော အဆိုပါ ဓာတ်မြေဩဇာများမှာ ပြည်တွင်း ဒေသများ၌ ရောင်းချခြင်းမပြုမီ တရုတ်-ဥရောပ ကုန်တင်ရထားများမှတစ်ဆင့် တရုတ်နယ်စပ်များသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ (Xinhua) xhtxs.cn/EWE

………………………………
China imports farm materials from B&R countries
To ensure stable production and supply, the ports in northwest China’s Xinjiang Uygur Autonomous Region are handling a larger volume of imported farming supplies, as the preparations for spring farming are in full swing.
Two major ports in Xinjiang, the Alataw Pass and the Horgos Port, handled the imports of 66,000 tonnes of chemical fertilizers and 89,000 tonnes of potash fertilizers, respectively, in January. These fertilizers, mainly produced in countries along the Belt and Road, entered the Chinese border via the China-Europe cargo trains before being sold to the inland regions. xhtxs.cn/EWE
Photo: This aerial photo shows farmers working in the fields in Yangzhou, east China’s Jiangsu Province, Feb. 15, 2023. (Photo by Meng Delong/Xinhua)