Connect with us

မြန်မာ-ENG

ယူကရိန်းအကျပ်အတည်း နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာမည့် တံခါးကို ဖွင့်လှစ်ထားရန်၊ အပစ်အခတ်ရပ်စဲရေးတွန်းအားပေးရန် တရုတ်နိုင်ငံက တိုက်တွန်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသော ယူကရိန်းအရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ အရေးပေါ်အထူးအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် သိုက်ပင်းအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယူကရိန်း အပစ်အခတ်ရပ်စဲရေး တွန်းအားပေးရန်မှာ ထိပ်တန်းဦးစားပေးဖြစ်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာမည့် တံခါးကို ပိတ်ထား၍မရကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စား သိုက်ပင်းက တိုက်တွန်းပြောကြားခဲ့သည်။

“တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုများ အမြန်ဆုံး ပြန်လည်ဆောင်ရွက်နိုင်ရန် ၊ သင့်လျော်မှုရှိသော ဂရုပြုသည့်အရာများကို ဆွေးနွေးမှုတွင် ထည့်သွင်းရန်၊ ဖြစ်နိုင်ခြေရှိသော နည်းလမ်းများကို အဆိုပြုကာ အကျပ်အတည်း ဆောလျင်စွာ အဆုံးသတ်နိုင်ရန်၊ ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်မှု အခွင့်အလမ်းများ ပံ့ပိုးပေးရန် မိမိတို့အနေဖြင့် ရုရှား၊ ယူကရိန်းတို့၏ သဘောဆန္ဒနှင့်အတူ ပံ့ပိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ” ဟု တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် သိုက်ပင်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………..
(English Version)
China urges keeping door open for political solution to Ukraine crisis, facilitating ceasefire

Chinese envoy says facilitation of ceasefire in Ukraine is top priority, stressing the door to political solution cannot be closed xhtxs.cn/E0Q

“We support Russia and Ukraine in moving towards each other, resuming direct dialogue as soon as possible, bringing their legitimate concerns into the negotiation, setting out feasible options, and giving a chance to an early end of the crisis and the rebuilding of peace,” a Chinese envoy said.

1. Dai Bing (on the podium), charge d’affaires of China’s permanent mission to the United Nations, speaks at the UN General Assembly Emergency Special Session on Ukraine at the UN headquarters in New York, Feb. 23, 2023. (Xinhua/Xie E)