Connect with us

Asia

ဗီယက်နမ်နိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် လျှပ်စစ်ဓာတ်အားအတွက် ကျောက်မီးသွေး၊ ဓာတ်ငွေ့အသုံးပြုမှု တိုးမြှင့်မည်

ဗီယက်နမ်နိုင်ငံ Hai Phong မြို့ရှိ Dinh Vu ဆိပ်ကမ်းတွင် ကွန်တိန်နာများ တင်ဆောင်ထားသော ထရပ်ကားများကို ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- VNA/Handout via Xinhua)

ဗီယက်နမ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် လိုအပ်ချက် မြင့်တက်လာမည်ဟု ခန့်မှန်းထားသဖြင့် လျှပ်စစ်ဓာတ်အား ထိရောက်စွာပံ့ပိုးနိုင်ရန် ကျောက်မီးသွေးနှင့် ဓာတ်ငွေ့ အရင်းအမြစ်အသုံးပြုမှု မြှင့်တင်သွားမည်ဖြစ်ကြောင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များ စုစည်းသွားမည်ဖြစ်ကြောင်း ဒေသတွင်းမီဒီယာက မတ် ၉ ရက်၌ သတင်းဖော်ပြခဲ့သည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် ယခုနှစ်အတွင်း လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ (kWh) ၂၈၄.၅ ဘီလီယံ ထုတ်လုပ်၊ တင်သွင်းရန် စီစဉ်ထားကြောင်း၊ ယင်းပမာဏမှာ ၂၀၂၂ ခုနှစ်ကထက် ကီလိုဝပ်နာရီ ၁၆ ဘီလီယံနှင့် ၂၀၂၁ ခုနှစ်ကထက် ကီလိုဝပ်နာရီ ၂၉ ဘီလီယံကျော် အသီးသီး မြင့်မားခဲ့ကြောင်း Vietnam News အရ သိရသည်။ (Xinhua)

………………………………
(English Version)
Vietnam’s energy sector to increase use of coal, gas for electricity
Vietnam will ramp up the use of coal and gas sources and mobilize renewable sources to ensure sufficient supply of electricity for the Southeast Asian country as the demand is projected to increase in 2023, local media reported on Thursday. The country is set to produce and import 284.5 billion kilowatt hours (kWh) of electricity this year, 16 billion kWh higher than the 2022 figure and 29 billion kWh more than in 2021, according to the Vietnam News.
Photo: Trucks deliver containers at Dinh Vu port in Hai Phong city, Vietnam, March 31, 2022.(VNA/Handout via Xinhua)