Connect with us

Media

မွန်ဂိုလီးယားနိုင်ငံ တောင်ပိုင်းတွင် သဲမုန်တိုင်း တိုက်ခတ်

ဦလန်ဘာတာ၊ မတ် ၁၀ ရက် (ဆင်ဟွာ)

မွန်ဂိုလီးယားနိုင်ငံ တောင်ပိုင်း Umnugovi ပြည်နယ်တွင် မတ် ၈ ရက်က အင်အားပြင်း သဲမုန်တိုင်းတိုက်ခတ်ခဲ့ရာ လမ်းများကိုပင် ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်းမရှိတော့ကြောင်း သိရပါတယ်
အဆိုပါသဲမုန်တိုင်းသည် လာမည့်ရက်ပိုင်းများတွင် ပြည်နယ်တစ်ခုလုံး၌ ဆက်လက်ဖြစ်ပွားနိုင်ပြီး လေတိုက်နှုန်း တစ်စက္ကန့်လျှင် ၁၈ မီတာမှ ၂၄ မီတာအထိ ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း မွန်ဂိုလီးယားနိုင်ငံ မိုးလေဝသနှင့်သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေး အေဂျင်စီ၏ ပြောကြားချက်များအရ သိရသည်။

Umnugoviပြည်နယ်သည် မွန်ဂိုလီးယားနိုင်ငံ တောင်ပိုင်း ဂိုဘီသဲကန္တာရဒေသတွင် တည်ရှိရာ သဲကန္တာရအသွင်ပြောင်း သက်ရောက်မှုကို အဆိုးဝါးဆုံးခံစားရသော ပြည်နယ်တစ်ခု ဖြစ်သည်။ ပြည်နယ်တစ်ခုလုံး၏ ၇၀ ရာခိုင်နှုန်းကျော်က သဲကန္တာရနှင့် မြေယာပျက်စီးမှုဒဏ်ကို ခံစားရကြောင်း ပြည်နယ်အစိုးရရုံးက ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်တွင် မွန်ဂိုလီးယားနိုင်ငံ သမ္မတ Ukhnaa Khurelsukhက ရာသီဥတုပြောင်းလဲမှုနှင့် သဲကန္တာရအသွင်ပြောင်းမှုကို ရင်ဆိုင်ရန် ၂၀၃၀ ပြည့်နှစ်တွင် သစ်ပင်ပေါင်း သန်း ၁,၀၀၀ စိုက်ပျိုးရေး တစ်နိုင်ငံလုံးအတိုင်းအတာ လှုပ်ရှားမှုကို စတင်ခဲ့သည်။ ယင်းလှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် Umnugoviတွင် အနည်းဆုံး သစ်ပင် သန်း ၇၀ စိုက်ပျိုးရန် ရည်မှန်းထားသည်။ (Xinhua)

……………………………………….
(English Version)
Dust storm hits southern Mongolia
A heavy dust storm hit the southern Mongolian province of Umnugovi on Wednesday, causing low visibility on roads.
The storm is expected to continue in the province in the coming days, with wind speed expected to reach 18-24 meters per second, according to the country’s meteorology and environmental monitoring agency.
Located in the Gobi Desert region of southern Mongolia, Umnugovi is one of the provinces most affected by desertification.
More than 70 percent of the province’s total territory had been somehow affected by desertification and land degradation, according to the provincial governor’s office.
In 2021, Mongolia launched a national campaign initiated by President Ukhnaa Khurelsukh to plant a billion trees by 2030 to combat climate change and desertification. As part of the campaign, Umnugovi set a target of planting at least 70 million trees.