Connect with us

Europe

ရုရှားနိုင်ငံက New START စာချုပ်၌ ပါဝင်မှု တရားဝင်ရပ်ဆိုင်း

ရုရှားနိုင်ငံ အနောက်မြောက်ပိုင်းရှိ Plesetsk ဒုံးကျည်လွှတ်တင်ရေးနေရာမှ စမ်းသပ်လွှတ်တင်နေသော Sarmat တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်နေသည်ကို တွေ့ရစဉ်

ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က အမေရိကန်နိုင်ငံနှင့် ချုပ်ဆိုထားသော မဟာဗျူဟာနျူကလီးယားလက်နက်လျှော့ချရေးစာချုပ်သစ် (New START) ၌ ပါဝင်မှုကို တရားဝင်ရပ်ဆိုင်းခြင်းဥပဒေကို ဖေဖော်ဝါရီ ၂၈ ရက်က လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။

အဆိုပါ ဥပဒေသည် ချက်ချင်းအသက်ဝင်ကြောင်းနှင့် သဘောတူစာချုပ်တွင် ရုရှားပါဝင်မှု ပြန်လည်စတင်ရေးဆုံးဖြတ်ချက်သည် နိုင်ငံ့အကြီးအကဲ၏ သဘောဆန္ဒဖြစ်ကြောင်း ထုတ်ပြန်လိုက်သောဥပဒေအရ သိရသည်။

ရုရှားနိုင်ငံက New START စာချုပ်မှ နုတ်ထွက်ခြင်းထက် ပါဝင်မှုကို ရပ်ဆိုင်းခြင်းဖြစ်ကြောင်း ပူတင်က ဖေဖော်ဝါရီ ၂၁ ရက် လွှတ်တော်၌ နှစ်ပတ်လည်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua) xhtxs.cn/E96
………………………………
Russia officially suspends participation in New START treaty
Russian President Vladimir Putin on Tuesday signed a law officially suspending Russia’s participation in the New Strategic Arms Reduction Treaty (New START) with the United States. The law comes into force immediately and the decision to resume Russia’s participation in the treaty is up to the head of state, according to the published law. In his annual address to the Federal Assembly on Feb. 21, Putin said Russia was suspending its participation in, rather than withdrawing from, the New START treaty. xhtxs.cn/E96
Photo : In this image from video provided by the Russian Defense Ministry, the Sarmat intercontinental ballistic missile blasts off during a test launch from the Plesetsk launch pad in northwestern Russia, March 30, 2018.