Connect with us

Science & Technology

တရုတ်နိုင်ငံက BDS အပလီကေးရှင်း အသုံးပြုမှု ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်မည်

တရုတ် BeiDou တည်နေရာပြဂြိုလ်တုစနစ် (BDS) အပလီကေးရှင်း ကို စျေးကွက်ဝင်ခြင်း စက်မှုလုပ်ငန်းသုံးခြင်းနှင့် နိုင်ငံတကာအဆင့်အတန်းမီခြင်း အတွက် ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ဂြိုလ်တု တည်နေရာပြထိန်းသိမ်းရေးရုံး အဆိုအရ သိရသည်။

အဆိုပါ BDS စနစ်ကို နိုင်ငံတစ်ဝန်းရှိ လမ်းအသုံးပြုနေသော မော်တော်ယာဉ် ၇.၉ သန်းကျော် ၊ သင်္ဘာ ၄၇,၀၀၀ စင်းကျော်နှင့် အဓိက စာပို့ နှင့် အမြန် ချောပို့ ယာဉ် ၄၀,၀၀၀ ကျော်က အသုံးပြုနိုင်မည်ဖြစ်သည်။ ပုံစံအမျိုးမျိုးရှိသော BDS terminal ၈,၀၀၀ နီးပါးကို ရထားလုပ်ငန်းကဏ္ဍ၌အသုံးပြု၍ မြှင့်တင်ထားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)
xhtxs.cn.FFC

———————————
China boosts large-scale application of BDS
China will accelerate the development of the large-scale application of its BeiDou Navigation Satellite System (BDS) in marketization, industrialization, and internationalization, according to the China Satellite Navigation Office.
The BDS system applies to more than 7.9 million road-operating vehicles, more than 47,000 ships, and more than 40,000 mainline postal and express delivery vehicles nationwide. Nearly 8,000 BDS terminals of various types have been applied and promoted in the railway sector.
xhtxs.cn.FFC