Connect with us

Videos

နာဆာ၏ SpaceX Crew-5 အာကာသယာဉ်မှူးများ ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိ

ဝါရှင်တန်ဒီစီ ၊ မတ် ၁၃ ရက်(ဆင်ဟွာ)

နာဆာ(NASA)၏ SpaceX Dragon အာကာသယာဉ်ပေါ်ရှိ SpaceX Crew-5 အာကာသယာဉ်မှူးများသည် မတ် ၁၁ ရက်တွင် အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် ကမ်းရိုးတန်းတွင် ရေပြင်ပေါ်သို့ ဘေးကင်းစွာဆင်းသက်ခဲ့ကြောင်း NASA က ပြောကြားခဲ့သည်။
နာဆာအာကာသယာဉ်မှူး Josh Cassada နှင့် Nicole Mann ၊ ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ အာကာသယာဉ်မှူး Koichi Wakata နှင့် Roscosmos အာကာသယာဉ်မှူး Anna Kikina ပါရှိသည့် နိုင်ငံတကာအာကာသယာဉ်မှူး ၄ ဦးသည် အရှေ့ပိုင်းစံတော်ချိန် ည ၉ နာရီ ၂ မိနစ်တွင် ဖလော်ရီဒါပြည်နယ် Tampa မြို့ ကမ်းရိုးတန်း မက္ကဆီကိုပင်လယ်ကွေ့တွင် လေထီးအကူအညီဖြင့် ရေပြင်ပေါ် ဆင်းသက်ကာ ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါ အာကာသယာဉ်သည် မတ် ၁၁ ရက် အရှေ့ပိုင်းစံတော်ချိန် နံနက် ၂ နာရီ မိနစ် ၂၀ တွင် နိုင်ငံတကာအာကာသစခန်းမှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ယင်းမစ်ရှင်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၅ ရက်တွင် ဖလော်ရီဒါပြည်နယ်ရှိ နာဆာ၏ Kennedy အာကာသစင်တာမှ လွှတ်တင်ခဲ့ခြင်း ဖြစ်ပြီး နောက်တစ်ရက်တွင် အာကာသစခန်းနှင့် ချိတ်ဆက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.