Connect with us

Politics, Law & Military

ကြီးမြတ်သည့် နိုင်ငံ တည်ဆောက်ရေးနှင့် တရုတ်အမျိုးသားပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသောတွန်းအားများ စုစည်းရန် ရှီ တိုက်တွန်း

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် မတ် ၁၃ ရက်က ပြုလုပ်သော (၁၄) ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) ၏ ပထမအကြိမ်အစည်းအဝေး ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ရှီကျင့်ဖိန်နှင့် အခြား တရုတ်နိုင်ငံခေါင်းဆောင်များကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် နှစ်စဉ်ပြုလုပ်သော “အစည်းအဝေးကြီးနှစ်ရပ်” ကျင်းပပြီးစီးခဲ့ပြီဖြစ်ကာ အစွမ်းအစရှိသော ခေါင်းဆောင်မှုနှင့် အသေးစိတ်ကျသော မူဝါဒများဖြင့် တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းခြင်း စာမျက်နှာသစ်ဆီသို့ စတင်လျှောက်လှမ်းပြီဖြစ်ရာ မဟာ ခေတ်မီဆိုရှယ်လစ်နိုင်ငံ တည်ဆောက်ရေးအတွက် ကြီးမားသောတွန်းအားများ စုစည်းရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မတ် ၁၃ ရက်က တိုက်တွန်းပြောကြားခဲ့သည်။

ယနေ့မှစ၍ ၂၁ ရာစုအလယ်ဆီသို့ တရုတ်ကွန်မြူနစ်ပါတီ (CPC) နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ အဓိကတာဝန်မှာ တရုတ်နိုင်ငံအား လူတန်းစားအလွှာလွှာအသီးသီးပါဝင်သော မဟာ ခေတ်မီဆိုရှယ်လစ်နိုင်ငံအဖြစ် တည်ဆောက်ရန်နှင့် တရုတ်နိုင်ငံ ပြန်လည်ဖွံ့ဖြိုးတိုးတက်မှု အဆင့်မြှင့်တင်ရန် ဖြစ်ကြောင်း CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ အမျိုးသားဥပဒေပြုလွှတ်တော် (၁၄) ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) ၏ ပထမအကြိမ်အစည်းအဝေး ပိတ်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားခဲ့သည်။ (Xinhua) xhtxs.cn.FFE

………………………………

Xi pools mighty force for building great country, national rejuvenation
Chinese President Xi Jinping on Monday called for forming a mighty force for building a great modern socialist country and advancing national rejuvenation as the curtains closed on the annual “two sessions,” which started a new chapter of Chinese modernization with a competent leadership and detailed policies.
From this day forward to the mid-21st century, the central task of the entire Communist Party of China (CPC) and all Chinese people will be to build China into a great modern socialist country in all respects and to advance the rejuvenation of the Chinese nation on all fronts, said Xi, also general secretary of the CPC Central Committee and chairman of the Central Military Commission (CMC), while addressing the closing meeting of the first session of the 14th National People’s Congress (NPC), the national legislature. xhtxs.cn.FFE
Photo: Xi Jinping and other Chinese leaders attend the closing meeting of the first session of the 14th National People’s Congress (NPC) at the Great Hall of the People in Beijing, capital of China, March 13, 2023. (Xinhua/Huang Jingwen)