Connect with us

Politics, Law & Military

BRI မူဘောင်အောက်တွင် လက်မှတ်ရေးထိုးထားသော နိုင်ငံပေါင်း ၁၅၁ နိုင်ငံရှိ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ၂၀၁၃ ခုနှစ်တွင် အဆိုပြုခဲ့သော ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) သည် အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်ရေးကို အထောက်အကူပြုခဲ့သည်။ ဘာလီတွင် ကျင်းပခဲ့သော G20 ထိပ်သီးအစည်းအဝေးပြီးနောက် ရှီနှင့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုတို့သည် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း စမ်းသပ်ပြေးဆွဲမှုကို ဗီဒီယိုလင့်ခ်မှတစ်ဆင့် ကြည့်ရှုခဲ့ကြသည်။ နှစ်နိုင်ငံပူးပေါင်း တည်ဆောက်ထားသော အဆိုပါ ရထားလမ်းသည် ကုန်စည်များနှင့် ပြည်သူများ ကူးသန်း၊ သွားလာမှုကို အဆင်ပြေချောမွေ့စေမည်ဖြစ်သလို ဒေသတွင်းဝင်ငွေကိုလည်း မြှင့်တင်ပေးနိုင်မည်ဟု မျှော်မှန်းထားသည်။

ယခုအချိန်အထိ ရပ်ဝန်းနှင့် ပိုးလမ်းမ မူဘောင်အောက်တွင် လက်မှတ်ရေးထိုးသည့် နိုင်ငံပေါင်း ၁၅၁ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၃၂ ခု ရှိပြီဖြစ်ကာ ပါဝင်သော နိုင်ငံများကိုလည်း အကျိုးပြုလျက်ရှိကြောင်း သိရသည်။ (Xinhua) xhtxs.cn/FH2

————————–
The BRI, proposed by Xi in 2013, also helped Indonesia build its first high-speed railway. After the G20 Summit in Bali, Xi and Indonesian President Joko Widodo watched the operational trial of the Jakarta-Bandung High-speed Railway through a video link. The railway, jointly built by the two countries, is expected to facilitate the move of goods and people and boost local incomes.
To date, 151 countries and 32 international organizations have signed documents under the Belt and Road framework, benefiting participating countries. xhtxs.cn/FH2