Connect with us

China

အဝေးပြေးကုန်တင်ရထားဝန်ဆောင်မှုက အာဆီယံနှင့် တရုတ်နိုင်ငံ အနောက်ပိုင်းဒေသကြား သယ်ယူပို့ဆောင်ရေးကို အဆင်ပြေချောမွေ့စေ

ချုံချင့်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

နိုင်ငံတကာ ကုန်းလမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ် နယ်စပ်ဖြတ်ကျော် အဝေးပြေးလမ်းမများမှတစ်ဆင့် ကုန်စည်သယ်ယူပို့ဆောင်မှုပမာဏမှာ ယခုနှစ် ပထမနှစ်လအတွင်း ထရပ်ကားအစီးရေများပြားလာခြင်းနှင့်အတူ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ယခုကာလအတွင်း ထရပ်ကားခရီးစဉ်ပေါင်း ၉၀၃ ခုဖြင့် ကာလတန်ဖိုး ယွမ် ၆၈၃ သန်းခန့် (အမေရိကန်ဒေါ်လာ ၉၉.၂ သန်း) ရှိသော ကုန်စည်များ သယ်ယူပို့ဆောင်ခဲ့ပြီး ယမန်နှစ်ကထက် ထရပ်ကားခရီးစဉ် ၅၀၂ ခုနှင့် ၆၂၅ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ အဝေးပြေးလမ်း ထောက်ပံ့သယ်ပို့ရေးစခန်းအရ သိရသည်။

၂၀၁၆ ခုနှစ် ဧပြီလတွင် စတင်ခဲ့သော နယ်စပ်ဖြတ်ကျော် အဝေးပြေးကုန်တင်ရထားဝန်ဆောင်မှုက ကုန်စည်များ ဘေးကင်း၍ အချိန်မီပို့ဆောင်ပေးလျက်ရှိပြီး တရုတ်နိုင်ငံ အနောက်ပိုင်းဒေသနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကြား ကုန်သွယ်ရေး ထပ်မံမြှင့်တင်လျက်ရှိကြောင်း သိရသည်။

ချုံချင့်မြို့မှ ထွက်ခွာလာပြီး ယူနန်ပြည်နယ် မိုဟန်မြို့ စစ်ဆေးရေးဂိတ်မှတစ်ဆင့် နယ်စပ်ဖြတ်သန်းကာမောင်းနှင်လာသည့် ထရပ်ကားသည် ခရီးစဉ် ၂,၈၀၀ ကီလိုမီတာခန့် ခရီးနှင်၍ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ရောက်ရှိရန် အချိန်လေးရက်ကြာမြင့်မည်ဖြစ်သည်။ (Xinhua)

………………………………
(English Version)
Booming highway freight service facilitates transport between ASEAN, western China
CHONGQING, March 22 (Xinhua) — The volume of freight transport via the New International Land-Sea Trade Corridor cross-border highways soared with a growing number of trucks involved in the first two months of this year.
During this period, a total of 903 truck trips transported goods worth about 683 million yuan (99.2 million U.S. dollars), a surge of 502 and 625 percent year on year, respectively, according to the highway logistics base of Chongqing Municipality in southwest China.
Launched in April 2016, the cross-border highway freight service provides safe and timely delivery of goods, thus further promoting trade between western China and the Association of Southeast Asian Nations (ASEAN).
A truck departing from Chongqing, which crosses the border via the land checkpoint of Mohan in Yunnan Province, takes four days to arrive in Vientiane, Laos, traveling about 2,800 km.