Connect with us

China

အကျိုးကျေးဇူးရှိသော ဆွေးနွေးမှုများတွင် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ပိုမိုနက်ရှိုင်းမှုရှိစေရန် ရှီနှင့် ပူတင် ကတိပြု

ရှရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော် စိန့်ဂျော့ရှ်ခန်းမတွင် ရုရှား သမ္မတ ဗလာတီမာပူတင်က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား အခမ်းအနားဖြင့် ကြိုဆိုနေသည်ကို ၂၀၂၃ ခုနှစ် မတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မတ် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်တို့သည် အိမ်နီးချင်းကောင်း၊ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုစည်းမျဉ်းများအပေါ် အခြေခံထားသည့် နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာမှုရှိစေရန်နှင့် ခေတ်သစ်တွင် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းမှုရှိစေရန် မတ်၂၁ ရက်က သဘောတူညီခဲ့ကြောင်း သိရသည်။

ရှီ၏ ရုရှားနိုင်ငံခရီးစဉ်ကို “ငြိမ်းချမ်းသော၊ ပူးပေါင်းဆောင်ရွက်မှုရှိသော၊ ခင်မင်ရင်းနှီးမှုရှိသော ခရီးစဉ်တစ်ခု” အဖြစ် ရည်ညွှန်းဖော်ပြထားပြီး အားကောင်းသည့် တရုတ်-ရုရှား ဆက်ဆံရေးက ကမ္ဘာ့မဟာဗျူဟာအခင်းအကျင်း ညီမျှမှုရှိရေးကို ပံ့ပိုးကူညီလျက်ရှိသလို ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောကြားခဲ့သည်။ (Xinhua)

…………………………….
(English Version)
Xi, Putin vow to deepen strategic partnership in fruitful talks
MOSCOW, March 21 (Xinhua) — Chinese President Xi Jinping and his Russian counterpart, Vladimir Putin, on Tuesday agreed to strengthen bilateral ties based on principles of good-neighborliness, friendship and win-win cooperation, as well as to deepen the China-Russia comprehensive strategic partnership of coordination for a new era.
Describing Xi’s state visit to Russia as “a journey of friendship, cooperation and peace,” experts have said that strengthening China-Russia relations will promote regional peace and stability while contributing to balancing the global strategic landscape.
Photo: Russian President Vladimir Putin holds a solemn welcome ceremony for Chinese President Xi Jinping at the St. George’s Hall at the Kremlin in Moscow, Russia, March 21, 2023. Xi on Tuesday held talks with Putin in Moscow. (Xinhua/Xie Huanchi)