Connect with us

China

PLA ကျွမ်းကျင်ပညာရှင်များက တရုတ်-လာအိုရထားလုပ်ငန်းအတွက် အရေးပေါ် ကျန်းမာရေးလေ့ကျင့်မှုသင်တန်းပေး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ယွီရှီးမြို့ရှိ ယွီရှီးဘူတာရုံတွင် တရုတ်-လာအိုရထားလုပ်ငန်း၏ electric multiple unit (EMU) ရထားကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ မတ် ၂၃ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က လာအိုနိုင်ငံသို့ စေလွှတ်ထားသော ၈ ကြိမ်မြောက် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့သည် လာအိုနိုင်ငံ မြို့တော်ရှိ လာအို-တရုတ် ရထားလုပ်ငန်းကုမ္ပဏီလီမိတက် (LCRC) ဝန်ထမ်းများအတွက် အရေးပေါ်ကျန်းမာရေးတုံ့ပြန်မှုဆိုင်ရာ သင်တန်းကို ကြီးမှူးပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်-လာအို ရထားလုပ်ငန်း၏ နယ်စပ်ဖြတ်ကျော် ခရီးသည်တင်ရထားများ ဖွင့်ပွဲအတွက် ပြင်ဆင်မှုအဖြစ် အဆိုပါ သင်တန်းကို ဗီယင်ကျန်းဘူတာရုံတွင် မတ် ၂၂ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပြီး LCRC ခရီးသည်တင်ရထားဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

၈ ကြိမ်မြောက် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့တွင် PLA လေတပ်ဆေးတက္ကသိုလ် ရှီးကျင်းဆေးရုံမှ အဖွဲ့ဝင် ၁၀ ဦးပါဝင်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
PLA experts hold emergency medical training for China-Laos Railway
VIENTIANE, March 23 (Xinhua) — The eighth medical expert team sent by Chinese People’s Liberation Army (PLA) to Laos has organized training on emergency medical response for the staff of the Laos-China Railway Co., Ltd. (LCRC) here in the Lao capital.
The training, as a preparation for the opening of cross-border passenger trains of the China-Laos Railway, was held in the Vientiane Railway Station on Wednesday afternoon and attended by passenger train staff and security personnel of the LCRC.
The eighth batch expert team is composed of 10 members from the Xijing Hospital of the PLA Air Force Medical University.
Photo: An electric multiple unit (EMU) train of the China-Laos Railway arrives at Yuxi Railway Station in Yuxi, southwest China’s Yunnan Province, Dec. 3, 2021. The China-Laos Railway, a flagship project of the Belt and Road Initiative (BRI), started operation on Friday. (Xinhua/Hu Chao)