Connect with us

Science & Technology

တရုတ်နိုင်ငံတောင်ပိုင်းတွင် မောင်းသူမဲ့မော်တော်ယာဉ်များ စီးပွားဖြစ် သရုပ်ပြမောင်းနှင်မှု စတင်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့ ဟွားတူးခရိုင် တွင် စတီယာရင်ဘီးကို မကိုင်ဘဲ ယာဉ်ခရီးစဉ်ကိုစောင့်ကြည့်နေသော Didi မောင်းသူမဲ့အငှားယာဉ် ကြီးကြပ်သူတစ်ဦးကို ၂၀၂၃ ခုနှစ် မတ် ၂၇ က တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ မတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်းတွင် Didi မောင်းသူမဲ့မော်တော်ယာဉ် ပထမအသုတ်စီးပွားဖြစ် သရုပ်ပြမောင်းနှင်မှုကို မတ် ၂၇ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့ ဟွားတူးခရိုင် တွင် Didi Robotaxi ပရိုဂရမ်အသုံးပြုပြီး မောင်းသူမဲ့ယာဉ် ငှားရမ်းနေသူတစ်ဦးကို ၂၀၂၃ ခုနှစ် မတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့ ဟွားတူးခရိုင် တွင် Didi မောင်းသူမဲ့မော်တော်ယာဉ်တစ်စီး၏ ခေါင်မိုးပေါ်၌ အာရုံခံဆင်ဆာများ တပ်ဆင်ထားသည်ကို ၂၀၂၃ ခုနှစ် မတ် ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ခရီးသည်များအနေဖြင့် Didi Robotaxi ပရိုဂရမ်တွင် အော်ဒါတင်နိုင်ခြင်း၊ အလိုအလျောက်ယာဉ်မောင်းနှင်သည့်ဝန်ဆောင်မှု အတွေ့အကြုံနှင့် အမှန်တကယ်သွားလာသည့်ခရီးမိုင်နှင့် အသုံးပြုသည့် ကြာမြင့်ချိန်အတိုင်း ငွေပေးချေခြင်းတို့ကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။ (Xinhua)

————————–
Autonomous driving vehicles start commercialized demonstration operation in S China
The first batch of Didi autonomous driving vehicles started commercialized demonstration operation here on Monday. Passengers can place an order to book vehicles in the Didi Robotaxi applet, experience autonomous driving service, and pay according to the actual mileage and duration of use.
Photo 1: A Didi autonomous driving supervisor monitors the vehicle’s journey without touching the steering wheel in Huadu District of Guangzhou, south China’s Guangdong Province, March 27, 2023. (Xinhua/Liu Dawei)
Photo 2: A citizen uses the Didi Robotaxi applet to book autonomous driving vehicles in Huadu District of Guangzhou, south China’s Guangdong Province, March 27, 2023. (Xinhua/Liu Dawei)
Photo 3: Multiple sensors are installed on top of a Didi autonomous driving vehicle in Huadu District of Guangzhou, south China’s Guangdong Province, March 27, 2023. (Xinhua/Liu Dawei)