Connect with us

Politics, Law & Military

တရုတ်ထိပ်တန်းသံတမန်နှင့် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်တို့ တွေ့ဆုံ

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn တို့ တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ ၂၀၂၃ ခုနှစ် မတ် ၂၇ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn နှင့် ပေကျင်းမြို့၌ မတ် ၂၇ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က Kao Kim Hourn အား အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်သည့်အတွက် ဂုဏ်ယူကြောင်းနှင့် အာဆီယံအဖွဲ့ဝင်မဟုတ်သော နိုင်ငံများထံ ၎င်း၏ ပထမဆုံးခရီးစဉ်လာရောက်ရာတွင် တရုတ်နိုင်ငံသို့ ပထမဆုံး လာရောက်ခြင်းအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

အာဆီယံ၏ အကြီးဆုံးအိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် ရိုးသား၍ ကိုယ်ကျိုးမငဲ့ဘဲ အာဆီယံကို ကူညီပံ့ပိုးပေးခဲ့ကြောင်း၊ အခြေအနေသစ်များအရ တရုတ်နိုင်ငံအနေဖြင့် အာဆီယံ၏ ပေါင်းစည်းမှုနှင့် အာဆီယံအသိုက်အဝန်းတည်ဆောက်မှုများကို ဆက်လက်၍ အခိုင်အမာ ထောက်ခံသွားမည်ဖြစ်ကြောင်း၊ အာဆီယံ၏ မဟာဗျူဟာမြောက် လွတ်လပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် စည်းလုံးညီညွတ်မှုကို အားပေးထောက်ခံကြောင်း၊ အာဆီယံဗဟိုပြု ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဗိသုကာကို ထိန်းသိမ်းရာတွင် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဝမ်က ပြောခဲ့သည်။

ထို့ပြင် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ Kao Kim Hourn ကလည်း တရုတ်နိုင်ငံက အာဆီယံ၏ အိမ်နီးချင်းကောင်းနှင့် မိတ်ဆွေကောင်းဖြစ်သည့်အပြင် ယုံကြည်စိတ်ချရသော ကာလရှည် ပူးပေါင်းဆောင်ရွက်သော မိတ်ဖက်နိုင်ငံဖြစ်သည်ဟုဆိုပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုက ခိုင်မာသော အုတ်မြစ်၊ ကျယ်ပြန့်သောနယ်ပယ်များနှင့် အကျိုးကျေးဇူးရှိသော ရလဒ်များ ရရှိနေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

………………………………
Senior Chinese diplomat meets ASEAN secretary-general
BEIJING, March 27 (Xinhua) — Wang Yi, director of the Office of the Foreign Affairs Commission of the Communist Party of China (CPC) Central Committee, met with Secretary-General of the Association of Southeast Asian Nations (ASEAN) Kao Kim Hourn here on Monday.
Wang, also a member of the Political Bureau of the CPC Central Committee, congratulated Kao Kim Hourn on taking office as ASEAN secretary-general and expressed appreciation to him for making China the first stop of his visits to non-ASEAN countries.
As ASEAN’s largest neighbor, China has always supported ASEAN sincerely and selflessly, said Wang, adding that under the new circumstances, China will continue to firmly support ASEAN’s integration and community building, support its strategic independence and solidarity for development, and support maintaining the ASEAN-centered regional cooperation architecture.
Kao Kim Hourn said China is a good neighbor and friend of ASEAN, as well as a reliable long-term cooperative partner, adding that the bilateral cooperation enjoys a profound foundation, extensive areas and fruitful results.
Photo: Wang Yi, a member of the Political Bureau of the Communist Party of China (CPC) Central Committee and director of the Office of the Foreign Affairs Commission of the CPC Central Committee, meets with Secretary-General of the Association of Southeast Asian Nations (ASEAN) Kao Kim Hourn in Beijing, capital of China, March 27, 2023. (Xinhua/Yue Yuewei)