Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံက အာဆီယံထိပ်သီးအစည်းအဝေးပြင်ဆင်မှုအတွင်း လျှပ်စစ်ကားဂေဟစနစ်ကို ဆောင်ရွက်ရန် တွန်းအားပေး

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့၌ ကျင်းပခဲ့သော ၁၇ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေးအတွက် Wuling လျှစ်စစ်ကားသစ်အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ မတ် ၂၈ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ကျင်းပပြုလုပ်ခဲ့သော G20 ထိပ်သီးအစည်းအဝေးအပြီးတွင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် လျှပ်စစ်ကား ဂေဟစနစ်ကို အောင်မြင်စွာပြသခဲ့ပြီးနောက် ၊ ၂၀၂၃ ခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ လျှပ်စစ်ကားလုပ်ငန်းစဉ်များ မှတစ်ဆင့် စွမ်းအင်ကူးပြောင်းခြင်းဆိုင်ရာ ကတိကဝတ်များကို မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်၊ Bekasi မြို့ ရှိ Wuling လျှပ်စစ်ကားထုတ်လုပ်သည့်စက်ရုံတစ်ခု၌ အိမ်ရှင်မတစ်ဦးက Wuling Airလျှပ်စစ်ကားနှင့်ပတ်သက်၍ ရှင်းပြနေမှုကို ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၊ East Nusa Tenggara (NTT) ပြည်နယ်၊ West Manggarai ခရိုင်၊ Labuan Bajo မြို့တွင် ကျင်းပမည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးတွင် တက်ရောက်ကြမည့် လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် ကိုယ်စားလှယ်များနှင့် ၎င်းတို့၏အဖွဲ့ဝင်များကို ပို့ဆောင်ပေးရန် အနည်းဆုံးလျှပ်စစ်ကား ၂၇၅ စီးကို အသင့်ပြင်ဆင်ထားကြောင်း အင်ဒိုနီးရှားအစိုးရက ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့အပြင် ကိုယ်စားလှယ်များအား လုံခြုံရေးစောင့်ကြပ်ကူညီပေးရန်နှင့် အဖွဲ့ဝင်များသွားလာနိုင်ရန် လျှပ်စစ်မော်တော်ဆိုင်ကယ် ၁၀၅ စီးခန့်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………….
(English Version)
Indonesia pushes for EV ecosystem during ASEAN summit preparation
JAKARTA, March 28 (Xinhua) — After successfully showcasing its electric vehicle (EV) ecosystem during G20 Leaders’ Summit in Bali Island last November, Indonesia is once again trying to promote its commitment to energy transition through EV programs ahead of the 2023 ASEAN Summit.
The Indonesian government has revealed that at least 275 electric cars will be deployed to transport delegates and their entourages, including security guards, at the Association of Southeast Asian Nations (ASEAN) summit that will be held in Labuan Bajo, West Manggarai regency, East Nusa Tenggara (NTT) province this year.
In addition, around 105 electric motorcycles will be used to help escort the delegates and become operational transportation for the participants.
(1)Photo taken on Nov. 12, 2022 shows a Wuling new energy vehicle for the 17th Group of 20 (G20) Summit in Bali, Indonesia. (Xinhua/Wang Yiliang)
(2)A hostess briefs people on Wuling Air EV during the roll-out ceremony at Wuling’s production factory in Bekasi, West Java province, Indonesia, Aug. 8, 2022.(Xinhua/Xu Qin)