Connect with us

China

တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ကြီးမားသော အဆောက်အဦ အပျက်အစီးများတွေ့ရှိ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့၏ အနောက်တောင်ပိုင်း Hechuan ခရိုင်ရှိ တျောက်ယွီမြို့ တွင် အသစ်တူးဖော်တွေ့ရှိခဲ့သော ရှုခင်းသာဧရိယာရှိ မြို့တံခါးနှင့် တံတိုင်းများ၏ အကြွင်းအကျန်များကို ၂၀၂၃ ခုနှစ်၊ မတ် ၂၀ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ချုံချင့်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ ရှေးဟောင်းခံတပ်မြို့ဖြစ်သော တျောက်ယွီမြို့တွင် မကြာသေးမီက တူးဖော်မှုအတွင်း ရှေးဟောင်းခံတပ်ကြီးတစ်ခုကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းတူးဖော်တွေ့ရှိခဲ့သည့်နေရာကို တောင်ဆုန့်မင်းဆက် (၁၁၂၇-၁၂၇၉) နှောင်းပိုင်းတွင် တည်ဆောက်ခဲ့သော တောင်ကုန်းကို အစွဲပြု၍ အမည်ပေးထားကြောင်း သိရသည်။

တူးဖော်တွေ့ရှိခဲ့သည့် တံခါးများ၊ လူသွားလမ်းများ၊ဆိပ်ခံတံတားများနှင့် ကျောက်နံရံများက ယင်းနေရာ၌ ကြီးမားသော အဝန်းအဝိုင်းကြီးတစ်ခုရှိသည်ဟုပြသနေကြောင်း ချုံချင့် ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရှေးဟောင်းသုတေသနအင်စတီကျု မှ လက်ထောက်ခေါင်းဆောင် Yuan Dongshan က ဆိုသည်။

Yuan ၏ ပြောကြားချက်အရ တွေ့ရှိချက်အသစ်က အဆိုပါနေရာရှိ ဆုန့်မင်းဆက် ယဉ်ကျေးမှုအမွေအနှစ်များ ၏ကွက်လပ်ကိုဖြည့် ပေးခဲ့ပြီး ဆုန့်နှင့် ယွမ်မင်းဆက်၏ (၉၆၀-၁၃၆၈) အတွင်း တောင်ထူထပ်သော မြို့၏ ကာကွယ်ရေးစနစ်၊ အပြင်အဆင်နှင့် တည်ဆောက်မှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခဲ့မှုများကို လေ့လာရန်အတွက် အထောက်အထားအသစ်များ ပံ့ပိုးပေးလျက်ရှိကြောင်း နှင့် တောင်ဆုန့်မင်းဆက်၏ ခေတ်နှောင်းပိုင်းတျောက်ယွီ မြို့၏ နမူနာပုံစံ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် အရေးကြီးသောအခန်း ကဏ္ဍ မှ ပါဝင်သည်။ (Xinhua)

…………………………………
(English Version)
Ruins of large scale building complex found in China’s Chongqing
CHONGQING, March 29 (Xinhua) —
Ruins of a building complex have been found at the site of Diaoyu City, an ancient fortress in southwest China’s Chongqing Municipality, during recent excavation work.
The site was named after the hill on which it was built in the latter period of the Southern Song Dynasty (1127-1279).
Yuan Dongshan, deputy head of Chongqing’s institute of cultural relics and archaeology, said the unearthed gates, passageways, piers, and stone walls show that there had been a huge courtyard.
According to Yuan, the new findings effectively fill in the blanks of the cultural relics of the Song Dynasty in this area and provide new evidence for the study of the defense system, layout, and structural function of the mountainous city of the Song and Yuan Dynasties (960-1368), and play an important role in further reconstructing the spatial pattern of Diaoyu City in the late Southern Song Dynasty.
(1) This aerial photo taken on March 20, 2023 shows newly unearthed remains of city gate and walls in Diaoyu City scenic area in Hechuan District of southwest China’s Chongqing Municipality.(Xinhua/Liu Chan)