Connect with us

Asia

ကမ္ဘောဒီးယားလေကြောင်းလိုင်း ဖနွမ်းပင်-ပေကျင်း တိုက်ရိုက်လေကြောင်းခရီးစဉ် စတင်

ဖနွမ်းပင်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားလေကြောင်းလိုင်းက ခရီးစဉ်နှစ်ခုကြားတွင် မြင့်တက်နေသော ခရီးသွားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်ရည်ရွယ်၍ ဖနွမ်းပင်မြို့ နှင့် ပေကျင်းမြို့တို့အကြား ပထမဆုံးတိုက်ရိုက် လေကြောင်းခရီးစဉ်ကို စတင်လိုက်ပြီဖြစ်ကြောင်း လေကြောင်းလိုင်းအော်ပရေတာက မတ်၂၈ ရက် တွင်ထုတ်ပြန်ခဲ့သည်။

ပထမဦးဆုံးပွဲဦးထွက်အနေဖြင့် လေကြောင်းခရီးစဉ်အမှတ် KR991 လေယာဉ်က မတ် ၂၇ ရက်တွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့ တာ့ရှင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ခဲ့ပြီး Airbus-A320 လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲသော လေကြောင်းခရီးစဉ်အမှတ် KR991 လေယာဉ်သည် ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက်ပိုင်းတွင်ထွက်ခွာခဲ့ပြီး ပေကျင်းမြို့ တာ့ရှင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မွန်းလွဲပိုင်း၌ဆိုက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့မှာပင် ခရီးစဉ်အမှတ် KR992 လေယာဉ် က ပေကျင်းမြို့မှ မွန်းလွဲပိုင်းတွင် ပြန်လည်ထွက်ခွာခဲ့ပြီး ဖနွမ်းပင်မြို့သို့ ညနေဘက် တွင် ဆိုက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

ကမ္ဘောဒီးယားလေကြောင်းလိုင်းက တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တိုင်းတွင် တစ်ပတ်လျှင် သုံးကြိမ် ပုံမှန် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ (Xinhua)

…………………………………
(English Version)
Cambodia Airways launches Phnom Penh-Beijing direct flight
PHNOM PENH, March 29 (Xinhua) — Cambodia Airways has launched its first direct flight between Phnom Penh and Beijing, aiming to meet rising travel demand between the two destinations, the airline operator said in a press release on Tuesday.
An inaugural flight KR991 landed at Beijing Daxing International Airport on Monday, the press release said, adding that the first flight KR991, operated by an Airbus-A320 aircraft, departed from Phnom Penh International Airport in the morning and landed at Beijing Daxing International Airport in the afternoon.
On the same day, the return flight KR992 departed from Beijing in the afternoon and arrived in Phnom Penh in the evening, it added.
Cambodia Airways is offering a three-times-a-week service, scheduled regularly on every Monday, Wednesday and Friday, the press release said.