Connect with us

North America

မက္ကဆီကိုနယ်စပ် ရွှေ့ပြောင်းနေထိုင်သူများ နေထိုင်ရာ အဆောက်အဦတစ်ခုတွင် မီးလောင်မှုဖြစ်ပွား၊ လူပေါင်း ၃၉ ဦး သေဆုံး

အမေရိကန်-မက္ကဆီကို နယ်စပ် မက္ကဆီကိုနိုင်ငံ Coahuilaပြည်နယ် Acuñaမြို့ဘက်ခြမ်းတွင် ပစ္စည်းများဝယ်၍ Rio Grande မြစ်ကို ဖြတ်ကူးလာသော တရားမဝင်နေထိုင်သူများအား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ မတ် ၂၉ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း Chihuahuaပြည်နယ် နယ်စပ်မြို့ Ciudad Juarez ရှိ ရွှေ့ပြောင်းနေထိုင်သူ အဆောက်အဦတစ်ခုတွင် မတ် ၂၇ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၃၉ ဦး ၊ ဒဏ်ရာအပြင်းအထန်ရရှိသူ ၂၉ ဦး ရှိခဲ့ကြောင်း မက္ကဆီကို လူဝင်မှုကြီးကြပ်ရေးဌာန၏ မတ် ၂၈ ရက် ထုတ်ပြန်ချက်များအရ သိရသည်။

ရွှေ့ပြောင်းနေထိုင်သူများ နေထိုင်ရာအဆောက်အဦအတွင်း မီး စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါနေရာသည် Ciudad Juarez မြို့မှ အမေရိကန် နယ်စပ်တံတားသို့ သွားရာ နေရာအနီးတွင် တည်ရှိကြောင်း ၊ အချင်း ဖြစ်ပွားချိန်တွင် ရွှေ့ပြောင်းနေထိုင်သူ ၆၈ ဦး ရှိနေကြောင်း သိရသည်။ အချင်းမဖြစ်ပွားမီ ရွှေ့ပြောင်းနေထိုင်သူအဆောက်အဦအတွင်းရှိ လူများက မူလနိုင်ငံသို့ ပြန်ပို့ဆောင်ခံရမည်ကို သိရခြင်းကြောင့် ထွက်ပေါက်များကို ချက်ချင်းပိတ်ဆို့၍ မီးရှို့ဆန္ဒပြရာမှ ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့ကြောင်း မက္ကဆီကို သမ္မတ Lopez Obradorက မတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

………………………………….
(Chinese Version)
墨西哥边境一移民设施发生火灾致39人死亡
新华社墨西哥城3月28日电墨西哥国家移民局28日发布公告说,墨北部奇瓦瓦州边境城市华雷斯一处移民设施27日晚发生火灾,造成39人死亡、29人重伤。
公告说,大火始于移民设施内的住宿区。据介绍,这处移民收容所位于华雷斯城通向美国的边境桥附近,事发时安置有68名移民。墨总统洛佩斯28日说,移民设施内的人员事发前得知可能被遣返回原籍国,随即封锁设施出口并纵火表示抗议,最终导致事态失控。
1. 这张2021年9月19日从美墨边境墨西哥科阿韦拉州阿库尼亚城一侧拍摄的照片显示,购买物资的非法移民在里奥格兰德河上往返。新华社发