Connect with us

Asia

လာအိုနိုင်ငံက တရုတ်-လာအိုရထားလုပ်ငန်း နယ်စပ်ဖြတ်ကျော် ခရီးသည်တင်ရထားဝန်ဆောင်မှု အတွက် ကောင်းမွန်စွာပြင်ဆင်ထား

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ ဗီယင်ကျန်းဘူတာရုံမှ Lane Xang EMU ရထား ထွက်ခွာလာသည်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ မတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်-လာအို ရထားလုပ်ငန်း၏ လာအိုအပိုင်းရှိ ဧပြီလ၌ စတင်ရန် မျှော်မှန်းထားသော ဝန်ဆောင်မှုအသစ်ဖြစ်သည့် နယ်စပ်ဖြတ်ကျော် ခရီးသည်ဝန်ဆောင်မှုများ စတင်ရေး ပြင်ဆင်မှုများမှာ ကောင်းမွန်စွာလည်ပတ်လျက်ရှိကြောင်း လာအို ဒုတိယဝန်ကြီးချုပ် Saleumxay Kommasith က ပြောကြားခဲ့သည်။

လာအိုနိုင်ငံ Boten မြို့တွင် တရုတ်-လာအိုရထားလုပ်ငန်း ဝန်ထမ်းနှစ်ဦးက ကုန်တင်ရထားအား စစ်ဆေးနေသည်ကို ၂၀၂၂ ခုနှစ် ဧပြီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပထမဆုံး နယ်စပ်ဖြတ်ကျော် ခရီးသည်တင်ရထားကို နှစ်စဉ် ဧပြီ ၁၄ ရက်မှ ၁၆ ရက်အထိ ကျရောက်သော လာအိုနှစ်သစ်ကူးအားလပ်ရက်မတိုင်မီ ဧပြီ ၁၃ ရက်၌ စတင်ပြေးဆွဲမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

နယ်စပ်ဖြတ်ကျော် ခရီးသည်တင်ရထားဝန်ဆောင်မှု စတင်ခြင်းသည် လာအိုပြက္ခဒိန်အရ အရေးပါဆုံး ပွဲတော်ဖြစ်သော လာအိုနှစ်သစ်ကူးအတွက် စီစဉ်ထားခြင်းဖြစ်သည်။ အဆိုပါ နှစ်စဉ်ပွဲတော်သည် အားလပ်ရက်အတွင်း ရထားလမ်းပေါ်တွင် ခရီးသည်များ ဖြတ်သန်းသွားလာမှုမြှင့်တင်ရန် မျှော်မှန်းထားခြင်းဖြစ်သည်။ (Xinhua)

………………………………
(English Version)
Laos well-prepared for China-Laos Railway cross-border passenger service: Lao deputy PM
VIENTIANE, March 29 (Xinhua) — Preparations for the start of cross-border passenger services on the China-Laos Railway’s Lao section are progressing well, with the new service expected to start in April, said Lao Deputy Prime Minister Saleumxay Kommasith.
The first cross-border passenger train is expected to run on April 13, the day before the annual Lao New Year holiday, which falls on April 14-16 every year.
The planned launch of the cross-border rail passenger service comes just in time for the Lao New Year, the most important festival in the Lao calendar. This annual festival is expected to boost passenger traffic on the railway during the holiday, according to the report.
Photo 1: In this aerial photo, a Lane Xang EMU (electric multiple unit) train departs from the Vientiane Railway Station in Vientiane, Laos, Nov. 25, 2022. (Photo by Kaikeo Saiyasane/Xinhua)
Photo 2: Two staff members of the China-Laos Railway inspect a freight train in Boten, Laos, April 14, 2022. (Photo by Yang Yongquan/Xinhua)