Connect with us

Europe

မြေရုပ်တုစစ်သည် ပြပွဲကို စပိန်နိုင်ငံတွင် ဖွင့်လှစ်

စပိန်နိုင်ငံ၊ အလီကန်တီမြို့ တွင် တရုတ်နိုင်ငံ၏ ကျော်ကြားသော မြေရုပ်တုစစ်သည် ပြပွဲကို လာရောက်ကြည့်ရှုကြသော လူများအား ၂၀၂၃ ခုနှစ်၊ မတ် ၂၈ ရက် ကတွေ့ရစဉ် (ဆင်ဟွာ)

စပိန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

Alicante ရှေးဟောင်းသုတေသနပြတိုက်က “ကမ္ဘာ့အဋ္ဌမမြောက်အံ့ဖွယ်များ” ဟု လူသိများသော တရုတ်နိုင်ငံ၏ ထူးခြားကျော်ကြားသော မြေရုပ်တုစစ်သည်ပြပွဲကို မတ် ၂၈ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

“ချင်မင်းဆက်နှင့် ဟန့်မင်းဆက်များ၏ဒဏ္ဍာရီ’’ဟု အမည်ပေးထားသည့် အဆိုပါ ပြပွဲသည် မတ် ၂၉ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ၂၈ ရက်နေ့အတွင်း အများပြည်သူသို့ ဖွင့်လှစ်ပြသမည်ဖြစ်ပြီး တရုတ်ပြတိုက် ၉ ခုမှ မြေရုပ်တုစစ်သည်ပေါင်း ၁၂၀ ကျော်ကို ပြသထားသည်။

ပြပွဲတွင် ဧကရာဇ်ဘုရင်ချင်ရှီဟွမ်၏ တရုတ်ပြည် ပေါင်းစည်းမှုသမိုင်း၊ချင်ရှီဟွမ် ဂူသင်္ချိုင်း နှင့် လျှို့ဝှက်ဆန်းကြယ်သော မြေရုပ်တုစစ်သည်ဟူ၍ ပြခန်း ၃ ခန်း ခွဲ၍ပြသထားသည်။ အဆိုပါပြတိုက်တွင် ကိုယ်တိုင်ခံစားသိရှိနိုင်စေရန် အလင်းရောင်၊ တေးဂီတနှင့် သင်းရနံ့တို့ကို အဆင့်မြင့်နည်းပညာဖြင့် ဖန်တီးအသုံးပြုထားကြောင်း သိရသည်။ (Xinhua)

…………………………….
(English Version)
Terracotta Warriors exhibition opens in Spain
Spain, March 30 (Xinhua) — The Archaeological Museum of Alicante opened on Tuesday a unique exhibition of China’s renowned Terracotta Warriors, known as the “Eighth Wonder of the World.”
The exhibition, titled “The Legend of China’s Qin and Han Dynasties,” and which opens to public between Wednesday and January 28, 2024, showcases more than 120 pieces from nine Chinese museums.
The exhibition is divided into three galleries showcasing the history of the unification of China by Emperor Qin Shi Huang, his tomb, and the mysterious Terracotta Warriors. The museum uses advanced technology to create an immersive exhibition space using light, music, and scent.
(1) (2) (3) (4) People visit an exhibition of China’s renowned Terracotta Warriors in Alicante, Spain, March 28, 2023. (Xinhua/Meng Dingbo)