Connect with us

NPC

မည်သည့်စစ်အေးတိုက်ပွဲမှ အာရှတိုက်တွင် ဖြစ်ပွားခွင့်ပြုမည်မဟုတ်သလို ယူကရိန်းပုံစံ အကျပ်အတည်းကိုလည်း အာရုတိုက်တွင် အလားတူ ဖြစ်ပွားခွင့်ပြုမည် မဟုတ်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း ပြောကြား

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)

အမေရိကန်၏ “အင်ဒို-ပစိဖိတ် ဗျူဟာ”နှင့်စပ်လျဉ်းသည့် မေးမြန်းမှုများကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက မတ် ၇ ရက် အစည်းအဝေးနှစ်ရပ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ချင်ကန်းက အမေရိကန်၏ “အင်ဒို-ပစိဖိတ် ဗျူဟာ”သည် လွတ်လပ်ပွင့်လင်းမှုကို ခေါင်းစဉ်တပ်ပြီး အမှန်တကယ်တွင်မူ အုပ်စုဖွဲ့၍ အခြားသူအား ပိတ်ဆို့ဖယ်ကြဉ်ရန် အသိုက်အဝန်းငယ်လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း၊ ဒေသ လုံခြုံရေး ထိန်းသိမ်းမှု အမည်တပ်ပြီး အမှန်တကယ်တွင်မူ ထိပ်တိုက်ရင်ဆိုင်မှုများကို နှိုးဆွခြင်း “အာရှ-ပစိဖိတ် NATOပုံစံ” ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးကို အကျယ်ဖွင့်ပြီး အမှန်တကယ်တွင်မူ “အချိတ်အဆက်ကွင်းဆက် ဖြတ်တောက်”ပြီး ဒေသ တစ်သားတည်းဖြစ်စဉ်ကို ဖျက်ဆီးခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“တရုတ်အနီးဝန်းကျင်၌ မဟာဗျူဟာ ပတ်ဝန်းကျင် ပုံဖော်ခြင်း”ဟု အမေရိကန်၏ ပြောကြားနေခြင်းက “အင်ဒို-ပစိဖိတ် ဗျူဟာ”သည် တရုတ်နိုင်ငံကို ဝန်းရံပိတ်ဆို့မည့် ရည်ရွယ်ချက်အမှန်ကို ပေါ်လွင်စေခဲ့ကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။ ၎င်း၏နောက်ဆုံးရလဒ်မှာ အာဆီယံကိုဗဟိုပြုသော ပွင့်လင်းမှု၊ အားလုံးပါဝင်မှုရှိသည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး မူဘောင်ကို ရိုက်ခတ်ပြီး ဒေသတွင်းနိုင်ငံများ၏ အလုံးစုံနှင့်ရေရှည်အကျိုးစီးပွားကို ထိခိုက်စေမည် ဖြစ်ရာ ရေရှည်လျှောက်လှမ်း၍မရသလို လုပ်ဆောင်၍လည်း မရကြောင်း ပြောကြားခဲ့သည်။

ယခုကာလများတွင် ဒေသတွင်းနိုင်ငံအများစု၏ခေါင်းဆောင်များက အာဆီယံသည် မည်သည့်ပြင်ပအင်အားစု၏ ကိုယ်ပွားလုပ်၍မရသလို နိုင်ငံကြီးအားပြိုင်မှုဝဲဂယက်တွင် နစ်မြုပ်၍မရဟု ပြောကြားခဲ့ကြောင်း၊ အာရှတိုက်သည် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်သော ပလပ်ဖောင်း ဖြစ်သင့်ပြီး ပထဝီနိုင်ငံရေးအားပြိုင်မှု၏ကျားကွက်မဟုတ်ကြောင်း ၊ မည်သည့်စစ်အေးတိုက်ပွဲမှ အာရှတိုက်တွင် လုံးဝဖြစ်ပွားခွင့်ပြုမည်မဟုတ်သလို ယူကရိန်းပုံစံ အကျပ်အတည်းကိုလည်း အာရှတိုက်တွင် အလားတူ လုံးဝဖြစ်ပွားခွင့်ပြုမည် မဟုတ်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း ပြောကြားခဲ့သည်။ (Xinhua)

#China #TwoSessions #ForeignPolicy&ForeignRelations #QinGang #တရုတ် #အစည်းအဝေးနှစ်ရပ် #နိုင်ငံခြားရေးမူဝါဒနှင့်နိုင်ငံခြားဆက်ဆံရေး #ချင်ကန်း
——————————————-
(两会•外长记者会)秦刚:任何冷战绝不容在亚洲重演,乌克兰式的危机绝不容在亚洲复制
新华社北京3月7日电 外交部长秦刚7日在两会记者会上应询就美国“印太战略”阐明看法。
秦刚说,美国的“印太战略”标榜自由开放,实际上拉帮结伙,搞各种封闭排他的小圈子;号称维护地区安全,实际上挑起对抗,策划“亚太版北约”;宣扬促进地区繁荣,实际上要“脱钩断链”,破坏地区一体化进程。
秦刚表示,美国公开声称要“塑造中国的周边战略环境”,恰恰暴露了“印太战略”围堵中国的真实目的,其最终结果只会冲击以东盟为中心开放包容的地区合作架构,损害地区国家的整体和长远利益,注定走不远、行不通。
秦刚说,最近不少地区国家领导人表示,东盟不能成为任何外部势力的代理人,不能陷入大国博弈的漩涡。亚洲应该成为合作共赢的舞台,而不是地缘博弈的棋盘。任何冷战绝不容在亚洲重演,乌克兰式的危机绝不容在亚洲复制。(完)
1.Chinese Foreign Minister Qin Gang (C, rear) attends a press conference on China’s foreign policy and foreign relations on the sidelines of the first session of the 14th National People’s Congress (NPC) in Beijing, capital of China, March 7, 2023. (Xinhua/Li Xin)