Connect with us

China

ဟွာဝေးက ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် OpenLab 3.0 Asia-Pacific ဖွင့်လှစ်

စင်ကာပူတွင် တရားဝင် စတင်ဖွင့်လှစ်ခဲ့သည့် Huawei ၏ OpenLab 3.0 Asia-Pacific ကို ၂၀၂၃ ခုနှစ်၊ မတ် ၃၁ ရက်က တရားဝင်ဖွင့်လှစ်ခဲ့စဉ် (ဓာတ်ပုံ- Huawei/Handout via Xinhua)

စင်ကာပူ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ဟွာဝေး၏ နောက်ဆုံးပေါ်ဒေသတွင်း ပူးတွဲဆန်းသစ်တီထွင်မှုနှင့် ဖြေရှင်းနည်းသုတေသနဌာန OpenLab 3.0 Asia-Pacific ကို စင်ကာပူနိုင်ငံတွင် မတ် ၃၁ ရက်က တရားဝင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုကို အရှိန်မြှင့်ရန် ရည်မှန်းထားသည့် အမေရိကန်ဒေါ်လာ သန်း၂၀ ရှိစီမံကိန်းသည် စင်ကာပူရှိ OpenLab ကို အဆင့်မြှင့်တင်ပေးမည်ဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသ (APAC) ကို ကျော်လွန်ကာ ၎င်း၏စွမ်းဆောင်ရည်များကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း သိရသည်။

“OpenLab 3.0 က အာရှပစိဖိတ်ဒေသ (APAC) ရှိ ဒေသတွင်းစီးပွားဖက်တွေ၊ ဖောက်သည်တွေနဲ့ အဆင့်မြင့်သင်ယူမှုအဖွဲ့အစည်းတွေအတွက် ကမ္ဘာလုံးဆိုင်ရာနည်းပညာပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ OpenLab 3.0 က လုပ်ငန်းနယ်ပယ်အသီးသီးရဲ့ လိုအပ်ချက်တွေအပေါ် အခြေခံပြီး ပူးတွဲဖြေရှင်းချက်တွေကို စူးစမ်းရှာဖွေကာ ဒစ်ဂျစ်တယ် APAC ကို တည်ဆောက်တဲ့နေရာမှာ စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိပါတယ်’’ဟု Huawei APAC Enterprise Business Group ၏ ဥက္ကဋ္ဌ Nicholas Ma က ပြောသည်။

ဟွာဝေးက ဒေသတွင်းစက်မှုလုပ်ငန်းဆိုင်ရာဖြေရှင်းချက်များကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဟွာဝေးအနေဖြင့် ဒေသတွင်းစီးပွားဖက်များနှင့် ပူးပေါင်းဆောင်ရွက်မည့် OpenLabs ကို ကမ္ဘာတစ်ဝန်း တွင် တည်ထောင်ထားကြောင်း သိရသည်။ ဟွာဝေးအနေဖြင့် ၎င်း၏ OpenLab ကို စင်ကာပူနိုင်ငံတွင် ၂၀၁၆ ခုနှစ်က တရားဝင်စတင်ဖွင့်လှစ်ခဲ့သည်။ (Xinhua)

………………………………
(English Version)
Huawei unveils OpenLab 3.0 Asia-Pacific to foster regional partnership
SINGAPORE, April 1 (Xinhua) — OpenLab 3.0 Asia-Pacific, Huawei’s latest regional center for joint innovation and solution R&D, has been officially inaugurated here on Friday.
Aiming to accelerate the digital transformation, the 20-million-U.S. dollar project will upgrade the OpenLab in Singapore and radiate its capabilities across the Asia-Pacific (APAC) and beyond.
“OpenLab 3.0 is a global technology platform for local partners, customers, and institutions of higher learning in the APAC. It explores joint solutions based on the demands of various industries and continuously contributes to building the digital APAC,” Nicholas Ma, president of Huawei APAC Enterprise Business Group, said.
Huawei has established OpenLabs worldwide which serve as open innovation platforms where the Chinese company joins forces with local partners to develop industry solutions for the region. Its OpenLab in Singapore was officially launched in 2016. ■

Photo shows Huawei’s OpenLab 3.0 Asia-Pacific in Singapore, which was officially inaugurated on March 31, 2023. (Huawei/Handout via Xinhua)